Thursday, February 16, 2017

Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း ( ဒေါက်တာတင့်ဆွေ )


၁။ ဆရာခင်ဗျား။ ကျနော်က အပေါင်းအသင်းမှားပြီး မူးရစ်ဆေးဝါးသုံးဖြစ်နေပါတယ်။ WY စာတန်းပါ စိတ်ကြွဆေးကို သုံးပါတယ်။ တစ်ခါတစ်လေ ဗျိုင်းလို့ခေါ်တဲ့အဖြူကိုသုံးပါတယ်။ သူများတိုင်ပြည်မှာ ဒုက္ခမျိုးစုံနဲ့ကြုံတွေရတာတွေ များတော့ စိတ်ဖိစီးမှုတွေများပြီး သတ်သေဖို့အထိတောင် စိတ်ကျဝေဒနာ ရနေတာကြောင့် သူငယ်ချင်းတွေ ပြောလို့၊ ပေးလို့ စမ်းသုံးရာကနေ ဖြတ်မရဖြစ်နေပါတယ်။ ကျနော်မူးယစ်ဆေးဝါးကို ဆက်မသုံးချင်တော့ဘူးဆရာ။ ဒါပေမယ့် ဖြတ်မရဘူး။ နောက်ပြီး ကျနော်နဲ့အတူဆေးချဖူးတဲ့သူငယ်ချင်းတစ်ချို့ ရဲဖမ်းခံလိုက်ကြရတယ်။ ကျနော်သိချင်တာက WY သုံးရင် ဆီးထဲမှာ ဘယ်နှစ်ရက် ပြပါသလဲ။ သွေးထဲမှာဘယ်နှစ်ရက် ပြပါသလဲ။ ရဲတွေက ဆီးစစ်ပြီးဖမ်းလို့ပါ။
ဒါ့အပြင် အခြားမူးယစ်ဆေးတွေကကော ဆီးထဲမှာဘယ်နှစ်ရက် သွေးထဲမှာ ဘယ်နှစ်ရက် ပြပါသလဲ။ ဆေးဖြတ်ချင်ရင် ဘယ်လိုတွေလုပ်ရပါသလဲ။ cb က မရှင်းပြရင်တောင် post လေးရေးပြီး တင်ပေးပါဆရာ။

၂။ ဆရာ မရှင်းတာလေးရှိလို့ပါ စိတ်ကြွဆေးသုံးထားမထားစစ်ရင် ဆရာရေးထားတဲ့နာရီ နဲ့ ရက်အတွင်းမှာဘဲပေါ်တာလား ကျော်သွားရင် မပေါ်တော့ဘူးလား။ ဆေးသုံးတာ အနည်းအများနဲ့ဆိုင်တာလားဆရာ။ သူငယ်ချင်းကဆေးစစ်ဖို့လိုနေလို့ပါ။

၃။ ဆရာခင်ဗျား မင်္ဂလာပါ။ ဆေးခြောက်နဲ့ ယာဘ (WY) ဆေးပြားတွေ သုံးတဲ့သူတွေကို ဆေးစစ်ရင် သုံးစွဲသူမှန်း သိတယ်ဆိုတာ ဘာကိုစစ်ရင်သိတာလဲသိချင်ပါတယ်။ ဓာတ်ပြယ် ပစ္စည်းဆိုတာရော ရှိတယ်ဆိုတာ ဟုတ်ပါသလား။ (ကျွန်တော်မသုံးဘူးပါခင်ဗျာ။ မိတ်ဆွေထဲကတစ်ယောက် အဖမ်းခံရလို့ စစ်ရာက ပေါ်တယ်ဆိုလို့ အတွေးဝင်လာရာကနေ မေးဖြစ်တာပါ ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ဆရာ။)

ဆေးဝါးအမည်  ဆေးသုံးပြီးစမ်းလို့ရတဲ့ချိန် ဘယ်လောက်ကြာ
အပေါင်းပြနေမလည်း

  • Marijuana/Pot 1-3 hours 1-7 days
  • Crack (Cocaine) 2-6 hours 2-3 days
  • Heroin (Opiates) 2-6 hours 1-3 days
  • Speed/Uppers (Amphetamine, methamphetamine) 4-6 hours 2-3 days
  • Angel Dust/PCP 4-6 hours 7-14 days
  • Ecstacy 2 to 7 hours 2 - 4 days
  • Benzodiazepine 2 -7 hours 1 - 4 days
  • Barbiturates 2 - 4 hours 1 - 3 weeks
  • Methadone 3 - 8 hours 1 - 3 days
  • Tricyclic Antidepressants 8 - 12 hours 2 - 7 days
  • Oxycodone 1 - 3 hours 1 - 2 days


စိတ်ကြွဆေးတွေက E, pills, doves, MDMA, MDEA, MDA စတဲ့နာမည်တွေနဲ့ ရှိတယ်။ Detection periods ဆေးသုံးထား-မထား စမ်းသပ်ကာလက အကြမ်းအားဖြင့် ၂-၄ ရက်ဖြစ်တယ်။ ဆေးဘယ်လောက် စစ်သလဲ၊ သုံးထားတာ ဘယ်လောက်များသလဲ၊ ဆေးအမျိုးအစား၊ ဆေးသမားကိုယ်အလေးချိန်၊ သူ့ရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ် မူတည်တယ်။

ဆေးအစွမ်းရှိနေမှာကတော့ -
• MDMA: ၄-၆ နာရီ၊
• MDEA: ၃-၅ နာရီ၊
• MDA: ၈-၁ဝ နာရီ၊
• MBDB: ၄-၆ နာရီကြာမယ်။

Ecstasy Drug စိတ်ကြွဆေးတွေကို သုံးထားမထား စစ်နိုင်တယ်။
• Blood Test သွေး = ၂၄ နာရီ၊
• Salia Test တံတွေး  = ၁-၅ ရက်၊
• Urine Test ဆီး  = ၂-၅ ရက်။

ဖမ်းမိလို့ ရဲမသိစေချင်တာနဲ့ ရေသောက်တာ မထူးပါ။ ရေဟာ စိတ်ကြွဆေးရဲ့ Antidote ဖြေဆေးမဟုတ်ပါ။ ၁၉၉၅ ခုနှစ်တုံး Leah Betts (လား ဘက်တ်စ်) ဆိုသူ ရေတွေသောက်ပြီး သေဆုံးသွားတယ်။ ဆေးစစ်နည်းတွေကို သုံးနိုင်တဲ့နိုင်ငံတွေမတူပါ။ မြန်မာပြည်မှာ ဘယ်နည်းသုံးနိုင်လဲ မသိပါ။

source : http://doctortintswe.blogspot.com/2014/10/ecstasy-drug-tests.html

No comments:

Post a Comment