Thursday, February 16, 2017

ဘိန်းဖြူထက် အဆ(၇၀၀) အန္တရာယ်ရှိတဲ့ ဆေးတစ်မျိုး အမေရိကန်တားမြစ်ဖို့ ကြိုးပမ်း

ဘိန်းဖြူထက် အဆ(၇၀၀) အန္တရာယ်ရှိတဲ့ ဆေးတစ်မျိုး အမေရိကန်တားမြစ်ဖို့ ကြိုးပမ်း

===================
===================

အမေရိကန်နိုင်ငံရဲ့ အွန်လိုင်းစတိုးတွေမှာ အလွယ်တကူ ရှာဖွေလို့ရနိုင်တဲ့ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတဲ့ မူးယစ်ဆေး
တောင့်ကို ဒေသခံအာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေပါတယ်။ တရားဝင် ရောင်းချခွင့်ပေးမထားတဲ့ အဲဒီမူးယစ်ဆေးဟာ သုံးစွဲသူတွေကို ချက်ချင်းသေဆုံးစေနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ အဲဒီဆေးကို သုံးစွဲခဲ့တဲ့လူတွေအနက် 50 ကျော် သေဆုံးခဲ့ပြီးပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီဆေးကို တရုတ်နိုင်ငံမှာ တရားဝင်ရောင်းချခွင့်ပေးထားပြီး Pink သို့မဟုတ် Pinky လို့ လူသိများတဲ့ ဆေးတောင့်ဖြစ်ပါ
တယ်။ အဲဒီဆေးဟာ ယခုအခါမှာတော့ အမေရိကန် အွန်လိုင်းစတိုးတွေမှာ ပေါပေါလောလော ရရှိနေပါတယ်။

ဒေသအာဏာပိုင်တွေအနေနဲ့ လက်ရှိအချိန်ထိတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေသေချာချာ သုတေသနမပြုလုပ်နိုင်သေးပေမယ့် အန္တရာယ်အလွန်ရှိတဲ့ ဆေးဝါးအဖြစ် တားမြစ်ကာ လက်လှမ်းမီသလောက် လိုက်လံ ပိတ်သိမ်းနေပါတယ်။ ၎င်းဆေးတောင့်ကို U-47700 လို့လည်း ခေါ်ပြီး သုံးစွဲပြီး မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်တာကတော့ သေချာ
ကြောင်း သိရပါတယ်။

Pink ဆေးတောင့်ရဲ့ ဆိုးကျိုးများ

Pink ဆေးတောင့်ဟာ Heroin နဲ့ Fentanyl မူးယစ်ဆေး အမျိုးအစားထဲမှာ ပါပေမယ့် ဓာတုနည်းနဲ့ အဆင့်မြင့်တင်ထားတာမို့ ပိုပြီး အန္တရာယ်ရှိပါတယ်။ သုံးစွဲသူအနေနဲ့ ဦးနှောက်ထဲမှာ သွေးလည်ပတ်မှုကို အလျှင်အမြန်ကန့်သတ်လိုက်ပြီး၊ သာယာငြိမ့်ငြောင်းတဲ့ နစ်မြောမှုကို ပေးပါတယ်။ ဒီဆေးကို Upjohn အမည်ရ ကုမ္မဏီက 1970 ခုနှစ်မှာ စတင်တီထွင်ခဲ့
ပြီး Morphine ကို ဓာတုဗေဒနည်းနဲ့ အဆင့်မြင့်တင် အသွင်ပြောင်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ထိုစဉ်ကတည်းက ဆေးဘက်ဆိုင်ရာ အသိုင်းဝိုင်းက ကန့်ကွက်ခဲ့လို့ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပေမယ့် မူးယစ်ရာဇာတွေဆီကို ဖော်မြူလာတွေ ပေါက်ကြားခဲ့ရပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာ အမြောက်အများ ထုတ်လုပ်နေ
ပြီး တရားဝင်ရောင်းချခွင့်ပေးထားတယ်လို့ Mirror က ဆိုပါတယ်။

ဒီဆေးကို အသုံးပြုလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း အိပ်မောကျကာ လုံးဝ မနိုးထနိုင်တဲ့ အိပ်ခြင်းနဲ့ မရဏပြည်ကို သွားရမှာ
ဖြစ်ပါတယ်။ အခုနောက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းအရ Pink ဆေးဟာ အရည်အဖြစ်လည်းကောင်း၊ ထိုးဆေးအဖြစ်
လည်းကောင်း၊ အတောင့်ပုံစံ၊ အခဲပုံစံ အမျိုးမျိုး ပျံ့နှံ့နေပြီး ဥရောပဈေးကွက်မှာ အကြီးအကျယ် နေရာယူဖို့ ပြင်ဆင်နေပါတယ်။

လင်းဇော်ကို (Shwemom)

============

Search Myanmar

No comments:

Post a Comment