Thursday, February 16, 2017

မူးယစ်ဆေး ဖြတ်လိုသူများအတွက်

အသင်းအနေဖြင် လူမူဝန်ထမ်းဦးစီး ဌာန၏ လုပ်ငန်းလိုအပ်ချက်အရ 10.10.2005 တွင် အမှတ် ၆၄ ကမ္ဘာ အေး ဘုရားလမ်း မရမ်းကုန်းမြို့ နယ် ယခင် လူမူဝန်ထမ်းဦးစီးဌာနရုံးခူပ် ရှိ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်း ရုံးတွင်လူမူရေး စိတ်ဓါတ်ရှိသူများအား မြိုနယ် အသီးသီးမှ လူစာရင်းတောင်းခံပြီး ကိုက်ဝိုင်းလူမူအတတ်သင်သိပ္ပံ ကျောင်း တွင် စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှုး သင်တန်းတက်ရောက်စေပြီးသူများ အားစုစည်းရွေးချယ်ပြီးအသင်းအဖြစ် စတင်ဖွဲ့စည်းပေးခဲ့ပါသည်။
စတင်ဖွဲ့စည်းပြီး တိုင်းအသင်းအနေဖြင့်လူမူဝန်ထမ်းဦးစီး ဌာန၏ လုပ်ငန်းစဉ် ၈ ရပ်မှ မူးယစ်ဆေးဖြတ်ပြီးသူများ အားပြန်လည်ထူထောင်ရေးလုပ်ငန်း ကို စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှုးများ အားတာဝန်ပေးကာ ရပ်ရွာအခြေပြုနောက်ဆက်တွဲ စောင့်ရှောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်မူဖြင့် စတင်ခဲ့ပါသည်။
အသင်းအနေဖြင့်
မူးယစ်ဆေးစွဲသူများအား
ဆေးဖြတ်ရန်အတွက် ဆေးဖြတ်ဌာနသို့  လွဲပြောင်းပေးခြင်း
မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မူ ခံယူရန် အတွက်ရွှေပြည်သာ လူငယ်များ ပြုစုပိုးထောင်ရေးဌာနသို့ သွာရောက်နိုင်ရန်စီစဉ်ပေးခြင်း
စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှုး သင်တန်းတက်ရောက်ရန်စိစစ်ရွေးချယ်စေလွတ်ခြင်း
အလုပ်ရုံ့ ဆွေးနွေးပွဲများတက်ရောက် ရန်စီစဉ်ပေးခြင်း
ဆေးဖြတ်ပြီးလူနာများအား နောက်ဆက်တွဲစောင့်ရှောက်မူ ပြုလုပ်ပေးခြင်း
လူမူရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ကျောင်းသားလူငယ်အခြေပြု အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်း
အစရှိသည်များကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
အသင်းရုံး အား အမှတ် ၁၃၂ ပန်းပင်ကြီးလမ်း မျက်မမြင်ကျောင်း ကြည့်မြင်တိုင်မြို့နယ် ရှိ ရန်ကုန်ပြန်လည်ထူထောင်ရေး စခန်းရုံးတွင်ဖွင့်လှစ်ထားပြီး ဆက်သွယ်လိုပါက
ဥက္ကဋ္ဌ ၀၉ ၅၁၇၀၈၆၀
ဒုဥက္ကဠ ၀၉ ၄၂၁၁၃၅၉၈၃
အတွင်းရေးမှုး ၀၉ ၇၃၀၂၄၂၇၄
တွဲအတွင်းရေးမှုး ၀၉ ၇၃၀၁၀၇၅၉
သို ဆက်သွယ်နိုင်ပါသည်။
အသင်းတွင် အလုပ်အမူဆောင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပါသည်။
အသင်း အနေဖြင့် ရန်ပုံငွေ မတည်မူမရှိဘဲ ကိုယ်အားကိုယ်ကိုးပြီးကွင်းဆင်း
လုပ်ငန်းများဆောင်ရွက်ခြင်း ဒေသအာဏာပိုင်အဖွဲ့အစည်းများ နှင့်ပူးပေါင်းပြီး ဌာန ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။
အသင်းစတင်ဖွဲ့စည်းပြီးနောက် လူမူရေးအသင်းအဖွဲ့အနေဖြင့်ရပ်တည်ဆောင်ရွက်ရန်လမ်းညွှန်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှုးအသင်းအမည်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ခူပ်ရေးဦးစီးဌာန အသင်းအဖွဲ့ များမှတ်ပုံတင်ကြီးကြပ်မူဗဟိုအဖွဲ့သို့ သတ်မှတ်စည်းကမ်းများနှင့် ပြင်ဆင်ပြီးတင်ပြ လျှောက်ထားခဲ့ရာတွင် ကြီးကြပ်ရေးမှုး စကားလုံး အစား ဆီလျှော်သည့်ပြောင်းလဲပြီး
ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး လူမူဝန်ထမ်းရုံးတိုင်းဦးစီးမှုး ဒုတိယညွှန်ကြားရေးမှုး ထံတင်ပြအသိပေးပြီး အလုပ်အမူဆောင်အဖွဲ့၏အစည်းဝေး ဆုံးဖြတ်ချက်ရယူကာ မူလအမည် ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးစေတနာ့ ဝန်ထမ်းမူယစ်ကြီးကြပ်ရေးမှုး အသင်းအမည်အစား
လက်ရှိပြောင်းလဲလိုက်သည် မူးယစ်ဆေးစွဲ သူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) အမည်ဖြင့်ပြန်လည်တင်ပြလျှောက်ထားခဲ့ရာတွင် 25.7.13 နေ့ တွင်မှတ်ပုံတင်ခွင့်ရရှိပြီး မှတ်ပုံတငိအမှတ် ၂၁၀၈ ဖြင့် မှတ်ပုံတင်ကြေး ငါးသိန်း အား စုပေါင်းထည့်ဝင်ငွေဖြင့် ပေးသွင်းရာတွင် ပြည့်စုံခြင်း မရှိသည့်အတွက်
လိုအပ်သည့် ငွေအားချေးယူပေးသွင်းခဲ့ ရသည့်အတွက် ယနေ့ တိုင်ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးပါ
 သို့ ရာတွင်
ကိုယ်စွမ်းဥဏ်စွမ်းရှိသမျှ စေတနာ အနစ်နာ ဝါသနာများ ဖြင့် ဆေးစွဲလူနာများအား ကူညီဆောင်ရွက်ပေးသွားရန် ကတိပြုပါသည်။
ဆေးဖြတ်လိုသူများ အချိန်မရွေး အသင်းရုံး နှင့်ဆက်သွယ်ပြီး ဆေးဖြတ်ကုသမူ ခံယူပါရန် မြန်မာသီတင်းကျွတ် ကာလတွင်
 ဆေးစွဲလူနာနှင့် မိသားစု များ အတွက်
အကိုးလို၍ အသိပေး တိုက်တွန်းနှိုးဆော်အပ်ပါသည်
အလုပ်အမူဆောင်အဖွဲ့
shere ပေးခြင်းဖြင့် fb မိတ်ဆွေများကူညီကြပါ မေတ္တာရပ်ခံအပ်ပါသည်။




No comments:

Post a Comment