သင်္ချာ မော်ဒယ် အကြောင်းကို ရှေးက network
theory ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဘူးပါတယ်
theory ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဘူးပါတယ်
စိတ် ဟာ ဦးနှောက် ကို ဖွဲ့ စည်းထားတဲ့ နျူရွန်း
ဆဲလ် များ ရဲ့ ပေါင်းစပ် အလုပ်လုပ်မှုကနေ ပေါ်
လာတဲ့ emergence ဖြစ်စဉ်ပါ

စိတ်မှာ သွင်ပြင်လက္ခဏာ တွေ အများကြီးရှိပါ
တယ် တစုံတခုကို မှတ်မိခြင်း (memory)မှတ်ထားသည့် အရာများကို ပြန်လည်ဖော်ထုတ်ခြင်း
(Retrieval ) သင်ယူတတ်မြောက်ခြင်း (Learning)
ခံစားခြင်း( Emotion) အာရုံသိခြင်း ( perception)
သိခြင်း( consciousness) အိပ်ခြင်းနှင့် အိပ်မက်
မက်ခြင်း ( Sleep and REM sleep) တွေးတော
တွက်ချက်ခြင်း (thinking) စတဲ့ လုပ်ငန်းဆောင်တာ
များစွာရှိပါတယ် ဒါတွေကိုပုံဖော် လုပ်ဆောင်ပေး
နေတာက ဦးနှောက် (brain) ပဲ ဖြစ်ပြီး သူ့မှာ
နျူရွန်းဆဲလ် ပေါင်း သန်းထောင်ပေါင်းများစွာပါဝင်
ပါတယ် ဒီတော့ စိတ်ကို ဆဲလ်တခု ထဲမှာ လိုက်
ရှာလို့ မရဘဲ ဆဲလ်ပေါင်းများစွာ ရှိတဲ့ အဖွဲ့ အစည်း
ကထုတ်လုပ်လိုက်တဲ့ ရလာဒ်ပါ လူတဦးတယောက်
ရဲ့ အတ္တကို သူ့ဦးနှောက်က ဆဲလ်တခုထဲမှာ သွား
ရှာလို့ မရပါဘူး နိုင်ငံတနိုင်ငံရဲ့ သွင်ပြင်လက္ခဏာ
ကို သူ့နိုင်ငံထဲမှာနေတဲ့ နိုင်ငံသားတယောက်ရဲ့
အပြုအမူ တခုထဲကို ကြည့်ပြီး အဖြေထုတ်လို့ မရသလိုပါပဲ စိတ်ဟာ မြို့တမြို့လိုပါပဲ နျူရွန်းဆဲလ်တွေ
ဟာ လူတဦးခြင်းဆိုရင် သူတို့ကြားက ဆက်သွယ်
မှု ဆက်စပ်မှုတွေက နျူရွန်းဆဲလ်တွေကြားက
ထိစပ်မှု (synapse) တွေလိုပါပဲဒီထိစပ်မှုတွေကနေ
နျူရွန်းတခုက အခြားတခုပေါ်မှာ လွှမ်းမိုးသက်
ရောက်ကြတယ် ဒီသက်ရောက်မှုတွေက သတင်း
အချက်အလက်အနေနဲ့ တနေရာကတနေရာ
စီးဆင်းကြပါတယ် ရှုပ်ထွေးများပြားလှတဲ့ ဒီစီးဆင်း
မှု များကို ပေါင်းခြုံ ထွက်ပေါ်လာတာကတော့
စိတ်ရဲ့ သွင်ပြင်လက္ခဏာတွေပါပဲ

ဒီလို ဖြစ်စဉ်တွေက သဘာဝ မှာနေရာအနှံ့ တွေ့
ရပါတယ် အင်တာနက်မှာ ဆိုရှယ် နက်ဝါ့ခ် မှာ
DNA တွေရဲ့ ကွန်ယက်မှာ ecosystem မှာ
နိုင်ငံရေးမှား လူမှုရေးမှာ နေရာတကာမှာပါ
ဒါတွေကို အကောင်းဆုံးလေ့လာတဲ့ သင်္ချာက
တော့ graph theory လို့ခေါ်တဲ့ network သင်္ချာ
ပါ ဒီတော့ neuroscientist တွေကလည်း ဒါကို
စိတ်နဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ အကြောင်းလေ့
လာရာမှာ သုံးခဲ့ပါတယ်

Default mode network ဆိုတာကတော့ brain
မှာ ရှိတဲ့ လူတယောက်နိုးထနေချိန် နဲ့ အလုပ်တခု
ကို အာရုံ စိုက်မနေချိန်မှာရှိတဲ့ network ပါ အောက်
မှာပုံပြထားပါတယ် သင်ဟာ အိပ်မနေချိန် တကယ်လို့ စာဖတ်ခြင်း ရုပ်ရှင်ကြည့်ခြင်း စသဖြင့်
Task တခုခု ကို လုပ်မနေချိန်မှာ သင့်စိတ်ဟာ
တောင်တောင်အီအီ ရောက်နေတတ်ပါတယ်
Mind wandering လို့ ခေါ်ပါတယ် စိတ်ဟာ
နွေးရူးလေနဲ့ ပါတဲ့ ရွက်ကြွေတွေ လို ပြန့်ကြဲ နေ
ချိန်ပေါ့ ဒီလိုအချိန်မျိုးမှာ တခါတလေ အတိတ်ကိုပြန်
တွေးမိတာမျိုး စွဲလမ်းမှုတခုခုကို ပြန်သတိရတာ
မျိုး တွေတွေငေးငေး လေးရှိနေတတ်ပါတယ်
ဒီလို အချိန်မှာ ဦးနှောက်ကို scan ဖတ်တဲ့ အခါ
အလုပ်လုပ်နေတတ်တဲ့ ဆဲလ်တွေရဲ့ ကွန်ယက်
ကို default mode network DMN လို့ခေါ်တာပါ
သူက စိတ်ဟာ နိုးနေတဲ့ အချိန် အနိမ့် ဆုံး အလုပ်
လုပ်မှုပါ

DMN အလုပ်ကောင်းကောင်း မလုပ်တဲ့ အချိန်မျိုး
မှာ ရောဂါတွေ ဖြစ်တတ်ပြီး သူငယ်ပြန်ခြင်း စိတ်
ကျရောဂါ (depression) ရူးခြင်း (schiz)
Autism စတာတွေနဲ့ ဆက်စပ်မှု ကိုတွေ့ရတယ်လို့
ဆိုပါတယ်

LSD ဆိုတာက psychedelic ခေါ်တဲ့ စိတ် ပြောင်း
စေတဲ့ ဆေးတမျိုးပါ Lysergic acid diethylamide
ရဲ့ အတိုကောက်ပါ ဒီဆေးဟာ အသုံးပြုသူကို
Ego dissolution ခေါ်တဲ့ အတ္တ ပျောက်သွားအောင်
ပြုလုပ်ပေးပါတယ် ငါ ဆိုတဲ့ သဘော ပျောက်သွား
ပြီး သဘာဝ ကြီးတခုလုံးနဲ့ တသားထဲ ဖြစ်သွားစေ
တဲ့ ခံစားမှုမျိုးကို ပေးပါတယ် အရာရာကို မြင်
နေကြားနေရသလိုမျိုး delusional sensation တွေကို ဖြစ်စေပါတယ် ဒါကြောင့် ဒီဆေးကို ပိတ်ပင်ထားပါတယ်

အောက်ကပုံကတော့ ဒီဆေးကို အသုံးပြုသူတွေရဲ့
Brain scan တွေပါ Arterial spin labeling ,
Magnectoencephlography , နဲ့ resting state
MRI တွေကို သုံးပြီး ရိုက်တဲ့ ပုံရိပ်တွေပါ သာမန်
ဦးနှောက်နဲ့ ယှဉ်ပြထားပါတယ် ဒါကိုသုံးတဲ့ လူရဲ့
ဦးနှောက်ဟာ spiritual ဆန်တဲ့ လွတ်မြောက်မှု
ဆန်ဆန်ခံစားမှုကို ရရှိနေပြီး brain ဟာ လည်း
Network တော်တော်များများ အသက်ဝင်နေပါ
တယ် ဒီမှာ deactivate အသက်မဲ့ တဲ့ ကွန်
ယက်ကတော့ DMN ပါ ငါ ဆိုတဲ့ စိတ်ပျောက်
သွားတာဟာ default mode network အလုပ်
မလုပ်တာနဲ့ ဆက်စပ်နေတယ်ပေါ့

စိတ်ရဲ့ အကြီးဆုံး ဖြစ်စဉ်တခုက ငါ ဆိုတဲ့ ခံစား
မှုကိုပေးခြင်းပါ ဒီဖြစ်စဉ်ကို အသက်ဝင်စေတဲ့
ကွန်ယက် နဲ့ anatomy ကို သိခြင်းက ဆေးပညာ
နဲ့ neuroscience အတွက်တော့ Higgs boson
ကိုတွေ့ သလိုပဲလို့ ဆိုပါတယ် ရှေး မကြာတော့တဲ့
ကာလ တွေမှာ သိပ္ပံ နဲ့ သင်္ချာ ဟာ စိတ်ကို ရှာတွေ့
တော့ မှာပါလို့ တင်ပြလိုက်ရပါတယ် ဗျားး

ပိုင်သွန်

No comments:
Post a Comment