Wednesday, April 24, 2019

"တို့ဆေး(Ketamine)

တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေးစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။

သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။
အဆိုပါဆေးဝါးတွေဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ့  ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်၏။

တို့ ဆေးများကို ဒုစရိုက်လောကသားများ သုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင် ရင်းနှီးကြ-အတူသောက်ပြီးရင် ကောင်မလေးက “အကိုနောက်လိုက်ခဲ့မယ်နော်” ဟုပြောကာ လူရှင်းသည့် တည်းခိုခန်းတွင်းရောက်သွားသည့်အခါအမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။
အတူချိုးမယ်ဆိုလည်းလိုက်မည်မဟုတ်ပါ၊ မိန်းခလေးရေချိုးသည့်အလှည့်တွင် သူမဖွတ်ယူ လာသည့် ဆေးအဆီရည်ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထားပါလေသည်၊ဒါအပြင် ဘီယာခွတ်အတွင်းမှာလည်ူ အစက်ချထားတတ်သည်။

ကုတင်ပေါ်အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေးမျက်နှာပေါ်ကပ်ရင်းမြူဆွယ်မည်၊မူးနေတဲ့ငနဲကတော့သိ
တဲ့အတိုင်း…ရင်သားတွေကို လျှာဖြင့်လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့်စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသား ပါစပ်တွင်းဝင်သွားပြီးနောက်မိနစ်ပိုင်းအတွင် ခေါင်းတွင်းချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။

ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုးရှိတဲ့ အရာအားလုံးဇိမ်နဲ့ မွေနှောက်ယူသွားပါပြီ။

နောက်သုံးတဲ့တနည်းက အငွေ့ ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်၊ သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ၀တ်ကောင်းစားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့  ဟန်ဆောင်ရင်း ဖေါ်ရည်စွာ ဆက်ဆံလျှက်အိမ်တွင်းသို့ ဝင်ဘို့ ကြိုးစားပါလိမ့်မည်။

နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ ဝင်ပြီး ရေမွှေး(သို့  )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပြီး မေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။

ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ ဆေးဆိုပြီးေ၇ွှတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေး အသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့  ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။

အများဆုံးသုံးနေသည့် ဆေးဝါးများ
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။

ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။

GHB ၏ အာနိသင်များ
=============

အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း

Ketamine ၏ အာနိသင်များ
=================

စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။

ကြိုတင်၍ ကာကွယ်ဘို့ ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည့် အပြင် အသွားအလာကို တဦးတယောက်ထဲသွားမည့်အစား အဖေါ်နှင့် သွားလာရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်းမိနစ်ပိုင်းသွား ရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။
ခေတ်ပျက် ကာလတွင် မသမာသူများ-ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက်ပေါ လာပြီဖြစ်၍ သွားသတိ-စားသတိ-နေသတိ ရှိနိုင်ကြပါစေ။

🖋🖋🖋🖋:T.Z.T

#Cratid:Wab .com

Thursday, February 16, 2017

မြန်မာပြည်တွင်ကြောက်စရာအကောင်းဆုံးသော " စိတ်ကြွရှုးသွတ်ဆေးပြား " ရဲ့ဆိုးကျိုးများအကြောင်းပါ ..

မြန်မာပြည်တွင်ကြောက်စရာအကောင်းဆုံးသော
" စိတ်ကြွရှုးသွတ်ဆေးပြား " ရဲ့ဆိုးကျိုးများအကြောင်းပါ ...
#Credit. Myo Aung Htet
ဒီစာကိုဖတ်၍ တစ်ဦးတစ်ယောက်အတွက်ပင်
အကျိုးရှိညားကြိုးစားရေးသားရကျိုးနပ်ပါသည် ...
စိတ်ကြွရူးသွပ်ဆေးပြား(or)ရာမ
စိတ်ကြွရူးသွပ်ဆေးပြားအကြောင်းကို
သူငယ်ချင်းများအား သိစေချင်သောကြောင့် ရေးသားလိုက်ရပါသည် ။
ဆေးပြား၏ပုံစံမှာ ဘာမီတွန်အရွယ်အစားထက် အနည်းငယ် ငယ်ပြီး
အရောင်
မှာပန်းရောင်ရင့်ရင့်ဖြစ်ပြီး တချိုမှာ အစိမ်းရောင် အဖြူရောင်
တို့ဖြစ်ကြပါသည်။
၎င်းဆေး
ပြားကို ရေသန့်ဗူးခွံ သိုမဟုတ် ဖျော်ရည်ဗူးခွံဖြင့် ဗူးကိုဖေါက်ပြီး
ဖျော်ရည်စုပ် ပိုက်ထည့်
ထည့်ကာ ခဲပြား သို့မဟုတ် ဆေးကရက်ဗူးတွင်ပါရှိသည့် ခဲပြား
ပေါ်တွင်ဆေးပြားတင်ပြီး
မီးခြစ်ဖြင့် ရှို့ကာ အငွေ့ ကို ရှုရခြင်းဖြစ်ပါသည် ။သူ၏အနံ့မှာ
နှင်းဆီနှံ့
၊စပါယ်နှံ့တို့မွှေးပါ
သည်။
၎င်းဆေးပြားကို သုံးစွဲသူသည် စိတ်ကြွလာပြီး
မျက်လုံးသူငယ်အိမ်မှာကျယ်လာ
ပါသည်။ထိုသူသည် သွက်လက်ကာ ပုံမှန်ထက် ပြာပြာခတ်လာသည်။စကားပြောလျှင်လော
ကြီးကာ ထပ်ထပ်ထစ်ထစ် ဖြစ်လာသည်။နဖူးတွင်ချွေးတွေသိသာစွာထွက်ပြီး
တစ်ကိုယ်လုံး
လည်းချွေး စို့နေသည်။၎င်းဆေးပြားသည် chemical acid
ဆယ့်ခြောက်မျိုးဖြင့်ဖော်စပ်ထား
သောကြောင့် လျှာ၊ပါးစပ်၊လည်ချောင်းတို့တွင် တံတွေးလုံးဝမရှိဘဲ
ခြောက်ကပ်ကာ
ထမင်း
နှင့်အခြားစားသောက်ဖွယ်ရာများ စားသောက်၍ မရသလို စားချင်စိတ်လုံးဝမရှိဘဲ
နှစ်ဆယ့်
လေးနာရီမစားမသောက်နေနိုင်သည်။ချွေးတအားထွက်သောကြောင့်ရေအလွန်ငတ်ကာလုံးဝ
အိပ်မပျော်တော့ဘဲ တစ်စုံတစ်ခုခုကို လုပ်နေရမှ ဒါမှမဟုတ် စကားတွေ
မနားတမ်းပြောနေ
ရမှနေတတ်သည်။ထို့ကဲ့သို့မဟုတ်ပါက ကရောင်ခြောက်ခြားဖြစ်ကာ ကြောက်လန့်နေတတ်
သည်။ထန်းရေမူးကျွဲခိုးပေါ်ဆိုတာထက် ရာမ သောက်
ကျွဲခိုးပေါ်ဆိုတာပိုမှန်လိမ့်မယ်

ထိုဆေးကိုသုံးစွဲထားသူများ စကားပြောနေကြလျှင် အလုရက်ပြောနေကြပြီး
အချိန်မည်မျှကုန်
ဆုံးသွားကိုမသိလိုက်ဘဲ
နေ့ခင်းဆိုလျှင်မှောင်သွားသည်ကိုမသိလိုက်၊ညဆိုလျှင်မိုးလင်းသွား
သွားသည်ကို မသိလိုက်ဘဲ စကားတွေလုရက်ပြောကာ အချိန်တွေကုန်းဆုံးသွားကြသည် ။
ဥပမာ အင်တာနက်ဆော့နေပြီဆိုပါဆို ဆေးချတာများသွားလျှင်
နှစ်ရက်သုံးရက်ပင်မထ
ဘဲ မစားဘဲနေနိုင် သည်။ရေကိုတော့မသောက်ဘဲမနေနိုင်ပါ၊ ဘာကြောင့်လဲဆိုတော့
ခန္ဓာကိုယ်
ထဲတွင် ထိုဆေး၏ အပူဓာတ်များကြောင့်ဖြစ်သည်။
ထိုဆေးကိုသုံးစွဲမှု နှစ်ပါတ်ထက်ကျော်လာလျှင်
အရာရာကိုသံသယဖြစ်လာပြီး
ကိုယ့်၏အရင်းနှိးဆုံးသူငယ်ချင်းနှင့်ကိုယ့်၏သားမယား ကိုပင်
အယုံအကြည်ကင်းမဲ့ကာ
မကောင်းပြောတတ်လာသည်။ ကိုယ့်ကို မည်သူမှရန်မလုပ်ဘဲ
လူတွေကသူကိုရန်လုပ်နေသည်
ဟု ထင်လာသည်။ မည်သူကိုမှမယုံကြည်တော့ ။ဆေးသုံးတာ များသွားရင်
ကာမစိတ်တို့လည်း
ကုန်းခမ်းလာသည်။ အသားအရေတို့မှာလည်း ခြောက်ခမ်းမွဲခြောက်ပြီး
ပိန်ချုံးသွားကာကိုယ်
အလေးချိန်ကျသွားသည်။ခါးနာခြင်းလက်ပျင်နာချင်း ဖြစ်လာသည်။ ခါးနာခြင်းမှာ
ကျောက်
ကပ်ကို ထိုဆေးမှပါလာသောနိကိုတင်းလို ဓာတ်တမျိုးမှ ကျောက်ကပ်ကို
ဖျက်ဆီးခြင်းကြောင့်
ဖြစ်သည်။ လက်ပျင်အောက်နှင့်ရင်ဘတ်တို့အောင့်ခြင်းမှာ အဆုပ်ကို
ဆေးဒဏ်ထိခြင်းဖြစ်သည်။
အစားအသောက် ပုံမှန်မရှိခြင်းကြောင့် အစာအိမ်ရောဂါဖြစ်ရန်
၉၀%သေချာသွားသည်။
ထိုဆေးသည် ဘိန်းဖြူလို ခန္ဓာကိုယ်သွေးသားတောင်းဆိုမှုမျိုးမဟုတ်ဘဲ
စိတ်မှ
တောင်းဆိုခြင်း ဖြစ်သည်။ထိုဆေးကိုသုံးစွဲလိုက်ရမှ စိတ်တွေတတ်ကြွလာသည်
ပျော်ရွှင်သည်ဟု
အထင်ရှိတတ်သည်။အမှန်တကယ်မှာလည်း စိတ်ဓာတ်တွေနိုးကြားကာ ညောင်းကိုက်နေသည်
များ မရှိတော့တာ ဟုတ်ပါသည်။သိုသော်ထိုဆေးကိုသုံးစွဲနေကြ
သူများတွက်ပို၍မှန်ပါသည်။
အဘယ်ကြောင့်ဆိုသော် သုံးနေကြသူသည် မသုံးစွဲရပါက ညောင်းညာကိုက်ခဲပြီး
မလှုပ်ချင်မကိုင်
ချင်လေးလံထိုင်းမှိုင်း ထိုဆေးကိုတမ်းတလာသည်။ ထိုအချိန်မျိုးတွင်
ဆေးသုံးစွဲလိုက်ရပါက
အားလုံးပျောက် ကာလန်းဆန်းသွားသည်။အမှန်တကယ်တော့
ထိုဆေးမသုံးစွဲခင်ကညောင်းညာ
မှုမရှိသည်ကို သတိမထားမိတတ်ပါ။ သုံးစွဲနေကြသူသည်
ထိုဆေးကိုမသုံးစွဲရပါကဆေး၏
effect
သည်သုံးလေးရက်ခန့်သိသိသာသာညောင်းညာကိုက်ခဲကာ ကိုယ်လက်မအိမသာနှင့်ဒေါသ
အလိုလိုနေရင်း ထွက်နေတတ်ပါသည် ။ဆေးကိုလည်း အချိန်တိုင်း တောင်းတောင်းတတ
ဖြစ်နေ
ပြီး မိမိစီးပွားရေး ကိုလည်းစိတ်ဝင်စားမှု မရှိတော့ပေ ။
ကျောင်းသားဆိုလျှင်လည်း
ကျောင်းစာကို
လုံးဝစိတ်မ၀င်စားတော့ဘဲ ထိုဆေးကိုပင်တမ်းတမ်းတတ သတိရနေတောသည် ။
ဆေးသုံးစွဲခြင်း
ရှိမရှိကို မသုံးစွဲဘဲရပ်နားပြီးနောက် ၄၅ ရက်အတွင်း သုံးစွဲမှုရှိမရှိ
ဆီးစစ်၍
စစ်ဆေးနိုင်ပါသည် ။
ဆီးစစ်ရသည်မှာအလွန်ပင်လွယ်ကူပါသည် ။
ထိုဆေးအငွေ့ effect သည် ဦးနောက်ထဲရှိအလွန်သေးငယ်သော
အာရုံကြောနှင့်ဆဲများ
သို့ရောက်ရှိကာ စိတ်ကြွမှုကို ဖြစ်စေခြင်းဖြစ်ပါသည်။ထိုဦးနောက်
အာရုံကြောနှင့်ဆဲပုံမှန်မဟုတ်
သော အလုပ်ကိုလုပ်ရခြင်းကြောင့် ပျက်ဆီးများစတင်လာသည်။ memory
နှင့်ပါတ်သက်သော
အာရုံကြောများကို အဓိပျက်ဆီးစေခြင်းကြောင့် ထိုဆေးကိုသုံးစွဲသူသည်
သတိအလွန်အကျွန်မေ့ခြင်း
နှင့်ကယောင်ခြောက်ခြားဖြစ်ကာ ဂေါက်ကြောင်ကြောင်
ဖြစ်လာပါသည်။ပြောပြီးစကားများကိုပင် လုံးဝ
မေ့နေတတ်ပါသည် ။ထိုဦးနောက် အာရုံကြောများပျက်ဆီးသွားပါက ကုသရန်ဆေး
မရှိတော့ပါ။
ထိုစိတ်ကြွရူးသွပ်ဆေးပြားများသည် အာရှလူငယ်များတွင်
အတော်ပင်ရေပန်းစားနေ
ပါသည်။ လူငယ်များသည်နိုက်ကလပ်တက်သည့် အခါများနှင့် ပျော်ပွဲရွှင်များတွင်
ပျော်ရွှင်တက်
ကြွစေ ဟုအထင်ရှိကာ အတော်ပင်သုံးစွဲနေကြသည်ကိုတွေ့နေကြားနေရပါသည်။
ထိုင်းနိုင်ငံတွင်
ကျောင်းသားကျောင်းသူများ အတော်ပင်သုံးစွဲနေကြသည် ကိုသတင်းများတွင်
တွေမြင်ကြားသိ
နေရပါသည်။ထိုဆေးသုံးစွဲမှုကို မိဘများသည် ဂရုမပြုတတ်ပါ ။
ထိုအပြင်မိဘများသည်လည်း
တွေ့
ကြုံဗဟုသတ မရှိတတ်သောကြောင့် ပေါ့ပေါ့ပင်နေရင်း အချိန်ကုန်လွန်ကာမှ
ယူကြုံးမရအဖြစ်သို့
ရောက်ကြရသည် ။ တစ်ချို့ဆိုလျှင် ဆေးသုံးစွဲမှု
တစ်နှစ်ထက်ကျော်လာလျှင်ကိုယ့်ကိုကိုယ်သေ
ကြောင်းကြံ မှုများဖြစ်သည်အထိ ဆိုးရွားစွာ ဂေါက်ကြောင် ကြောင်သွားတတ်သည်
။ကျွန်တော်
သည် ဒေါက်တာ မဟုက်ပါ ကျွန်တော်ကိုယ်တိုင် စမ်းသပ်သုံးစွဲကာ
ထိုပါတ်ဝန်းကျင်ကို
အနီးကပ်
လေ့လာကာ ၎င်းဆေးနှင့်ပါတ်သက်သည့် ဂျာနယ်များကို ဖတ်ရှုလေ့လာထားခြင်ဖြစ်ပါသည်

မြန်မာနိုင်ငံမြို့ကြီးများနှင့်ခရိုင်မြို့များတွင်
ဝယ်ယူရရှိနေသောကြောင့်
ကျွန်တော်၏ သူငယ်ချင်း
ဘော်ဒါအပေါင်းသင်းများ စမ်းသပ်မိမှာစိုရိမ်သော ကြောင့်လက်လှမ်းမီသမျှ
တွေကြုံဘူးသမျှကို
ရေးပြတင်ပြရခြင်းဖြစ်ပါသည်။စိတ်ကြွဆေးပြား၏ ဆိုးကြိုးများကို
ကုန်စင်အောင်
ကျွန်တော်မ
ရေးနိုင်ပါ။ဆိုးကြိုးများအားအမြည်း အဖြစ်သာတင်ပြနိုင်ခြင်းဖြစ်သည့်
အတွက်ကုန်စင်အောင်
မတင်ပြနိုင်ခြင်းကို
သီးခံခွင့်လွှတ်ပေးရန်တောင်းပန်ပါသည်..........
#Credit. Myo Aung Htet

ကျနော်ပြောချင်တဲ့ WY





warning: data လေးပိတ်ပြီးဖတ်ပါ။ စာရှည်လို့ပါ။ စာရှည်တယ်ဆိုပြီးလဲ ကျော်မသွားပါနဲ့ :P ဟန်ဆောင်ပန်ဆောင်လေးတော့ဖတ်..တစ်ခုခုတော့ရမှာပါ.. ဘာမှမရတောင် အနည်းဆုံး ဖတ်မိလေခြင်းဆိုပြီး နောင်တရတာပေါ့ :P
နိဒါန်း
ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က သိပြီး တတ်ပြီးသားလူတွေကို ဆရာလုပ်တာမဟုတ်ပါဘူး။ ကျွန်တော် ဆရာတစ်ယောက်လဲမဟုတ်ပါဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက လူကြီးတွေဟာ တစ်စုံတစ်ခုကို မကောင်းဘူးဆိုရင် မင်းတို့ဒါကို လုံးဝမလုပ်နဲ့ မသိချင်နဲ့ ဆိုပြီး တစ်ဖက်ပိတ် တားလေ့ရှိပါတယ်။ ဒါပေမယ့် စူးစမ်းတတ်တဲ့ လူငယ်တွေက အငြိမ်မနေတတ်ပါဘူး။ ဒီတော့ အခွင့်ကြုံရင် စမ်းကြည့်ကြပါတယ်။ အဲ့ဒီလို စမ်းတဲ့ အခါမှာ ဘာ knowledge မှ မရှိထားရင် အမှားတွေလုပ်တတ်ပြီး ပြန်ရုန်းမထွက်နိုင်သူတွေ ဒုနဲ့ဒေးပါ။ ဒါကတော့ ပို့စ်ရဲ့ ရည်ရွယ်ချက်ပါ။ ကဲ WY ဆိုတဲ့ မာယာများတဲ့ကောင် အကြောင်းလေးသွားလိုက်ကြရအောင်. .
WY လို့ခေါ်တယ်။ တာချီလိတ်ဘက်မှာ ရာဘ လို့ခေါ်တယ်။ methamphetamine လို့လဲခေါ်တယ်။ Nazi speed လို့လဲခေါ်တယ်။ ဘယ်လိုပဲခေါ်ခေါ် အာရှမှာတော့ ခေတ်စားနေတဲ့ စိတ်ကြွရူးသွပ်ဆေးတစ်မျိုးပါ။ မမြင်ဘူးတဲ့ လူကတော့ ပုံတွေကိုသာကြည့်ပေတော့။ အရောင်မျိုးစူံရှိတယ်လို့တော့ကြားဖူးမိပါရဲ့။ ဒီမှာကတော့ အနီ၊ လိမ္မော် လိုဟာမျိုးတွေပဲ ပေါလေ့ရှိတယ်။ အရှေ့တစ်ကြောင်းမှာတွေ့တယ်နော်.. စိတ်ကြွရူးသွပ်ဆေးပြားတဲ့.. ဘာလို့ ဒီလိုခေါ်တာပါလိမ့်.. တကယ်ရူးလို့လား.. မယုံမရှိနဲ့ ကိုယ့်လူ.. စွဲတဲ့ဆိုတဲ့ အဆင့်ရောက်သွားရင် ခင်ဗျားတကယ်ကို ရူးသွားမှာ… ဘယ်လိုတွေ ရူးလဲ ကျွန်တော် အောက်မှာပြောပြမယ်..
ဒါသုံးတာကို တခြားနိုင်ငံတွေမှာတော့ Chasing dragon လို့လဲခေါ်တယ်။ နဂါးလိုက်ဖမ်းတယ်ပေါ့..ခေါ်ရတဲ့ အကြောင်းအရင်းက သုံးတဲ့ အခါမှာ ခဲပြားပေါ်တင်.. အောက်က မီးတောက်ကလေးနဲ့ လိုက်ဖမ်းရတာမို့လို့။ မြန်မာနိုင်ငံက ဘန်းစကားတွေကိုတော့ မပြောတော့ဘူး။ သိဖို့မလိုအပ်လောက်ဘူးထင်လို့…စစချင်းသုံးတဲ့လူတေအတွက် ကတော့ ဒီကောင်က ခင်ဗျားဘာလုပ်လုပ်စိတ်ပါအောင်လုပ်ပေးတယ်။ Party ထဲလား ကွေးနေအောင်ကဖို့အားပေးမယ်။ စာကျက်မလား..ကျက်ပေးဦးမှာ။ အခန်းတွေဘာတွေရှင်းဦးမလား.. ဖုန်တောင်တစ်စက်မကျန်စေရဘူး.. ဒါပေမယ့် အဲ့ဒါတွေက အစပိုင်းပါပဲ.. နောက်ပိုင်းကျရင် စိတ်က ဒါကိုရှို့ပြီးရင် ရှို့ချင်စိတ်ပဲ ရှိတော့မှာ.. music လုပ်တဲ့လူတွေအတွက်လဲ သတိပေးပါတယ်..အစပိုင်းမှာ သီချင်းရေးလို့ကောင်းချင်ကောင်းပါမယ်.. ဒါပေမယ့် နောက်ပိုင်း ကောင်းကောင်းကြီးတိုင်ပတ်ပါလိမ့်မယ်. . .
ကျွန်တော်ကတော့ ဒီကောင့်ကို မာယာများတဲ့ကောင်လို့ နာမည်ပေးထားတယ်.. ဘာလို့လဲဆိုတော့ ဘိန်းဆိုရင် လူတွေကကြောက်ကြတဲ့ အကြောင်းအရင်းက သူ့မှာ ယင်းဆိုတာရှိတယ်။ အသွေးထဲ အသားထဲကနေကိုတောင်းတာ။ မရရင် အရူးတစ်ပိုင်းတွေဖြစ်.. ရူး…သွပ်…ခါ။ အဲ့မှာ WY ဆိုတဲ့ ကောင်က လူတွေကို ဘယ်လိုဆွဲဆောင်လဲဆိုတော့ သူ့မှာ အသွေးထဲအသားထဲကနေ တောင်းတဲ့ ယင်းလုံးဝမရှိဘူး။ မသုံးရလဲ ဘာမှ မဖြစ်ဘူး။ နေနိုင်တယ်ဆိုပြီး ဆွဲဆောင်တယ်။ အဲ့ဒီမှာ လူတွေက ဒီကောင့်ကို သဘောကျကြတယ်။ ဒီကောင့်က drug လောကအလယ်မှာ ပွဲတွေတင့်လို့ပေါ့။
တကယ်တော့ ဒီကောင်က လိမ်တာ…ခင်ဗျားတို့ကို သူက အဲ့လိုပဲ လိမ်ပြီး လုပ်စားနေကြ… သူ့မှာ အသွေးအသားထဲက ယင်းမရှိဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ စိတ်ထဲကို ဒီကောင်က ယင်းထည့်ပေးတာ။ပြီးတော့ စသုံးသုံးချင်း beginner တွေအတွက်က ဆိုးကျိုးက သိပ်မသိသာသေးဘူး။ သုံးတာများလာရင် အရင်ဆုံးထိမှာက သွား။ ကြာလာရင် ခင်ဗျားတို့ရဲ့ သွားဖုံးနားမှာ ကျောက်တွေဖြစ်လာမယ်။ အဲ့ဒါတွေကများလာရင် ပါးစပ်အရမ်းနံတယ်။ ဆေးခန်းမှာ သွားခြစ်လို့တော့ရတယ်။ ဒါပေမယ့် ခနခန ခြစ်ရင် သေရချည်ရဲ့လေ။
သုံးတာများလေလေ Heart rate မြန်လာမယ်။ နောက်တစ်ခုက ဒီကောင်က ခင်ဗျားကိုယ်ထဲက ကျောက်ကပ်ကို ကောင်းကောင်းကြီး ဖျက်ဆီးတာ။ ဒီတော့ သုံးတာများလာရင် ခါးတွေနာလာမယ်။ သုံးလိုက်ရင် နာကျဉ်မှုတွေ သက်သာသွားမယ်။ ဒါပေမယ့် ဆေးပြယ်ရင် ပြန်နာမှာပဲ။ ဒီတော့ ဖြေရှင်းနည်းက ဆေးခန်းပြတာ အကောင်းဆုံးပဲ။
နောက်ဆုံးတစ်ခုကတော့ အတော်ဆိုးတယ်။ ခင်ဗျား ဘယ်ဆေးခန်းမှ ပြေးလို့မရဘူး။ ဒီကောင်က ခင်ဗျားဦးနှောက်ထဲက မှတ်ဥာဏ်နဲ့ပတ်သတ်တဲ့ အရာတွေကိုပျက်စီးစေတယ်။ အဲ့ဒါတွေက ဆေးခန်းသွားပြလဲ ဆရာဝန်က ခင်ဗျားကို kiss my ass ဆိုပြီးပဲ ဖင်လှန်ပြလိမ့်မယ်။ ပြန်ကောင်းအောင်တော့ မကုပေးနိုင်တော့ဘူး။ ဒီတော့သုံးတာ ကြာလာရင် ခင်ဗျားတော့ ကိုမေ့ကြီး ဖြစ်ပြီသာ မှတ်လိုက်တော့။
နောက်ထပ် မာယာများတဲ့ အကြောင်းရင်းကတော့ ဥပမာ ခင်ဗျားဟာ တစ်နေ့ကို ၃ လုံးပဲ သုံးမယ်ဆိုပြီးဆုံးဖြတ်ထားတယ် ဆိုပါစို့။ ဒါပေမယ့် ဒါတွေက တရားမ၀င်တော့ ခင်ဗျားကလဲ ရေရှည်ကိုတွေးတတ်သူကြီးဆိုတော့ လက်ထဲမှာ များများစားစား ၀ယ်ထားမိတယ်ပေါ့ဗျာ။ အဲ့ဒီမှာ ခင်ဗျား ၃ လုံးလောက် ဇယားပြီးသွားရင် ကျန်နေတဲ့ ကောင်လေးတွေက ခင်ဗျားကို လှောင်ပြတော့တာပဲ။ ဒီလောက်ပဲလားပေါ့။ အဲ့မှာ ခင်ဗျားကလဲ မခံချင်စိတ် အပြည့်နဲ့ လူကြီးဆိုတော့ အင့်ဟာ အင့်ဟာ ဆိုပြီး အကုန်ချေမှုန်းတော့တာပေါ့။ တကယ်တမ်းတော့ ခင်ဗျားကို အဲ့အသီးက ဖင်ချသွားတာ။ သူက ဆွဲတာများလေ ထုံသွားလေပဲ။ တကယ်က တစ်လုံးစသောက်တာနဲ့ ခင်ဗျား level တစ်ခုကို high သွားမယ်။ ပြီးရင် ပစ္စည်းကောင်းတဲ့ ပမာဏပေါ်မူတည်ပြီး နာရီအတော်ကြာခံမယ်။ နောက်ပိုင်းစိတ်က ပို high မယ်ထင်ပြီးသာ တစ်လုံးပြီးတစ်လုံးပြီး ဖြုတ်နေတာ။ ပိုသုံးရင် ခင်ဗျားရဲ့ ကျောက်ကပ်တွေ၊ ဦးနှောက်တွေ ပိုပျက်စီးမှာပဲ ရှိတယ်. . .
နောက်ထပ် အကျိုးဆက်တစ်ခုကတော့ ခင်ဗျား အဲ့ဒီကောင်တွေကို ဖြုတ်ပြီး နောက်တစ်နေ့ပဲ။ အခေါ်အဝေါ်ကတော့ အကျနေ့ပေါ့။ သူ့အကျနေ့ကတော့ သင်္ကြန်အကျနေ့လို ပျော်ဖို့မကောင်းဘူးကိုယ့်လူ။ စိတ်ဓါတ်တွေ ငရဲထိထိုးဆင်းကျနေလိမ့်မယ်။ သုံးနေစဉ်ကော သုံးပြီး နာရီအတော်ကြာတဲ့ အထိ ခင်ဗျားဟာ မစားနိုင်မအိပ်နိုင်.. စိုင်းစိုင်းခမ်းလှိုင်သီချင်းကိုတောင် ဖျက်ဆိုလို့ရတယ်. . .ငါမအိပ်နိုင် ငါမစားနိုင် ဆေးကျနေတယ် . . .:P
ပြီးတော့ ကျနော်အပေါ်မှာပြောတဲ့ စိတ်ကြွရူးသွပ်ဆေးပြားလို့ခေါ်တဲ့ ဇာတ်ဝင်ခန်းက အဲ့မှာစတော့တာပဲ။ ခင်ဗျားသုံးတာ ဘယ်လောက်ကြာပြီလဲရယ်.. ဘယ်လောက်သုံးထားလဲဆိုတာပေါ်မူတည်ပြီး effect တွေကတော့ တဖုန်းဖုန်းနဲ့ရိုက်တော့တာပဲ။ စစချင်းဆိုရင် နားထဲမှာ အသံတွေကြားနေမယ်။ ထင်ယောင်ထင်မှားတွေဖြစ်မယ်။ ပြီးရင် အလိုလိုနေရင်း ဆိုက်ကိုဖောက်မယ်။ ရဲမြင်ရင် လန့်နေမယ်။ ဘေးလူက ကို့ယ်ကို ရိုးရိုးကြည့်ရင်တောင် ဒီကောင်ငါ့ကို ဘာလုပ်မလို့လဲ မသိဘူးဆိုပြီး ဆိုက်ကိုတွေ ဖောက်မယ်။
ရာသီဥတု ပူလေ အခြေအနေပိုဆိုးလေပဲ။ သုံးစွဲသူအဆင့်ကနေ ကျော်လွန်ပြီး စွဲလန်းသူဖြစ်သွားရင်တော့ ဇာတ်ရှိန်ကတော်တော်မြင့်သွားပြီ။ WY က ခင်ဗျားရဲ့ မျက်စိရှေ့မှာ မျက်မှန်တစ်ခုတပ်ပေးလိုက်တယ်။ အဲ့မျက်မှန်ပေါ်မှာ ရေးထားတာက သံသယတဲ့…ဘယ်သူ့ကြည့်ကြည့်ကို ခင်ဗျားမှာ သံသယတွေနဲ့။ ဥပမာ တစ်ဖက်လူုက သူ့ဟာသူလွယ်အိတ်ထဲ လက်နှိုက်နေတာကို အဲ့အိတ်ထဲက ဓားထုတ်ပြီး ငါ့ကိုထိုးတော့မယ်တွေဘာတွေထိကို ရူး..သွပ်..ခါ.. သွားတာ… အဲ့ဒီမှာ ဒီကောင်မလုပ်ခင် ငါအရင်လုပ်မှရမယ်ဆိုပြီး အဲ့ကောင်ကို ဘလိုင်းကြီး သတ်ပစ်တယ်တို့ ဘာတို့အကွက်တွေ ကိုယ့်လူ.. ကြမ်းတယ်။ ရည်းစားတို့ မိန်းမ တို့ ဘာတို့ရှိတဲ့ကောင်ဆိုလဲ အလိုလိုနေရင်းကို သ၀န်တွေတိုနေတာ..ဘာလုပ်လုပ် မယုံကြည်..ကောင်မလေးကံကောင်းရင်တော့ လမ်းခွဲရုံပေါ့။ ကံနည်းနည်းပိုဆိုးရင် စောက်ခွက်တွေချည်း အရိုက်ခံရတာ..အဲ့ထက် ပို ပို ပို ပို ဆိုးသွားပြီဆိုရင်တော့ ချစ်လွန်းလို့ ဓားနဲ့ထိုးတာပါဆိုတဲ့ အကွက်တွေ ရောက်လာကော. . .
ဒါတွေကတော့ ကြုံတွေ့နိုင်ရတဲ့ ဆိုးကျိုးတွေပဲ။ ကောင်းတာကတော့ မရှိသလောက်ပဲ။ ဈေးကလဲ ရန်ကုန်လိုနေရာမျိုးမှာဆိုရင် တစ်လုံးကို 1500 ကနေ 4000 ကြားထဲလောက်ရှိတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ ခနတာ ပျော်ရွှင်ဖို့အတွက် ပေးရမယ့်ငွေကြေးက အခြေခံလူတန်းစားအတွက်ဆိုရင် ဒါကြီးကိုနေ့စဉ်သုံးစွဲဖို့ မဟန်နိုင်ပါဘူး။ အဲ့တော့ နောက်ဆက်တွဲ ခိုးမှုတွေပါ ဖြစ်လာနိုင်တယ်။
တကယ်တမ်းတော့ သုံးစွဲသူနဲ့စွဲလန်းသူ ဆိုပြီး ၂ ဆင့်ရှိတယ်။ သုံးစွဲသူအဆင့်မှာက အဲ့လောက် အခြေအနေမဆိုးသေးတဲ့ အတွက် ပြင်ဆင်နိုင်ရင်အကောင်းဆုံးပါ။ စွဲလန်းသူအဆင့်ကတော့ နီးစပ်ရာ ဆေးဖြတ်ပေးတဲ့နေရာမှာ ဖြတ်နိုင်ရင် အကောင်းဆုံးပါ။ တချို့မိဘတွေအနေနဲ့ ဆေးဖြတ်ဖို့ပို့တဲ့နေရာကို သေချာစုံစမ်းသင့်တာလေး အကြံပေးချင်ပါတယ်။ တချို့ဆေးဖြတ်တဲ့နေရာမှာက အပြင်မှာထက်တောင် လိုတာပိုရပါသေးတယ်။ ထောင်ထဲပို့ဖို့လဲ မစဉ်းစားကြပါနဲ့။ အဲ့မှာလဲ ပိုက်ဆံရှိရင် လိုတာအကုန်ရပါတယ် 
နိဂုံး
ဒီတော့ဗျာ ပြောတာတွေလဲ ဖတ်ပြီးလောက်ပြီ။ ဒါပေမယ့် ကိုယ်တိုင်ကလဲ လူငယ်ဆိုတော့ လူငယ်တွေအကြောင်းသိပြီးသား..ဘယ်လောက်မကောင်းဘူးပြောပြော စမ်းကြည့်ချင်သူတွေကရှိဦးမှာပါပဲ။ ကိုယ်တွေက မသုံးနဲ့ အကြံပေးလို့ရတာပါ။ မသုံးပါနဲ့လို့ အမိန့်ပေးလို့မရပါဘူး
ဒီတော့ စမ်းသုံးနေတဲ့လူတွေကို အကြံပေးချင်တာ တတ်နိုင်သမျှ လျှော့ကြပါ။ နောက်ဆုံး လုံးဝမသုံးနိုင်တော့ရင် တကယ်အဖိုင်းပါ။ သုံးရင်လဲ ဂရုစိုက်ကြပါ။ ကပ်စေးနည်ြး့ပီး ဂျိုးတွေကို ခွာမစားပါနဲ့။ ခါးပိုနာပါတယ်။ ရေခံပါ။ ရေမခံရင် အသေမြန်ပါတယ်။ အသီးလေးလှတယ်ဆိုပြီးလဲ မြိုမချနဲ့ဦး။ ဘာမှမဖြစ်တဲ့လူရှိပေမယ့် ဆေးရုံတန်းရောက်သွားသူတွေလဲ ရှိတယ်။
ဒီပို့စ်ကို အယောက် ၁၀၀ ဖတ်မိလို့ ၉၉ ယောက်က မင်းကစောက်ဆရာကြီးလားဆိုပြီး ၀ိုင်းဆဲပြီး ၁ ယောက်လောက်များ အသိတရားရပြီး ပြင်သွားမယ်ဆိုရင် ရေးရကျိုးနဲ့ လက်ညောင်းရကျိုးနပ်ပါပြီဗျာ..
photo credit from google
အားလုံး Peace 

Credit : Sai Lu Sharr
https://www.facebook.com/kwisai

" အစိုးရသစ်နှင့် ဆေးစွဲသူတို့ကို ထောင်ချသည့်အစဉ်အလာဟောင်း "

" အစိုးရသစ်နှင့် ဆေးစွဲသူတို့ကို
ထောင်ချသည့်အစဉ်အလာဟောင်း "

===================
===================

ဇူလိုင်လလယ်ပိုင်းနံနက်ခင်းတစ်ခုတွင် ရန်ကုန်၊ သင်္ဃန်းကျွန်း စံပြဆေးရုံမှ မက်သဒုန်း ခေါ် မူးယစ်ဆေးအစားထိုးဆေးဝါး ယူပြီး ပြန်လာမည့်သူတစ်ယောက်ကို မိတ်ဆွေတချို့က ဆေးရုံရှေ့ဝင်ပေါက်အနီး စောင့်ဆိုင်းနေကြသည်။ ဆေးရုံနောက်တွင်လည်း ရဲဝန်ထမ်းတစ်စုက နေရာယူထားသည်ကို တွေ့ရသည်။

အချိန်အတန်ကြာပြီးနောက်တွင် သူတို့စောင့်ဆိုင်းနေသည့်လူငယ် အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး ထိုနေရာမှ ခွာလိုက်ကြသည်။

“မက်သဒုန်းဆေးလာယူတဲ့ လူငယ်တစ်ယောက်ကို ရဲကဖမ်းသွားပါတယ်” ဟု ဆေးရုံရှေ့ သွားရောက်စောင့်ဆိုင်းသူများထဲမှ ကိုစိုးမောင်က Myanmar Now ကို ပြောပြသည်။ သူ့စာရင်းစာအုပ်ကိုဖွင့်ပြီး လူငယ်၏ အမည်နေရာကို ဘောပင်ဖြင့် ခြစ်လိုက်သည်။

ကိုစိုးမောင်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Burnet Institute အထောက်အပံ့ဖြင့် မူးယစ်ဆေးဖြတ်လိုသူများကို မူးယစ်ဆေးအစား အစားထိုးသောက်သုံးရသည့် မက်သဒုန်းဆေး တိုက်ကျွေးရာတွင်ပိုမိုလွယ်ကူစေရန် အကူအညီပေးရေး အစီအစဉ်တွင် ပါဝင်သူတစ်ဦးဖြစ်သည်။ နိုင်ငံအနှံ့တွင် မူးယစ်ဆေးစွဲကြောင်း မှတ်ပုံတင်ထားပြီး မက်သဒုန်းဆေးဖြင့် ကုသမှုခံယူနေသူ နှစ်စဉ် ၇,ဝဝဝ ကျော် ရှိနေသည်။ မှတ်ပုံတင်ထားသော်လည်း ဆက်လက်သုံးစွဲနေကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ် မှ ၁ဝ နှစ်အထိ ချမှတ်ခြင်း ခံရနိုင်သည်။

မူးယစ်ဆေး သုံးစွဲသူတို့ကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ အပြစ်ပေး ထောင်ချခြင်းထက် မက်သဒုန်းစင်တာများ၊ ပြန်လည်ထူထောင်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ကျန်းမာရေး ပြဿနာတစ်ရပ် အဖြစ် ဖြေရှင်းခြင်းက ပိုမို ထိရောက်သည်ဟု ဆေးစွဲသူတို့ကို နှစ်သိမ့်ဆွေးနွေးပညာပေးရေး လုပ်ငန်း လုပ်ဆောင်နေသူများ၊ နိုင်ငံရေးသမားတချို့၊ ဆေးစွဲနေသူများက ပြောသည်။

ဆေးစွဲသူတို့သာ ပစ်မှတ်ဖြစ်နေ

နိုင်ငံတကာ သုတေသနနှင့် မူဝါဒပြောင်းလဲရေး လျှောက်လဲတင်ပြသည့် အဖွဲ့အစည်း Transnational Institute က မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု နှစ်ဆတိုးလာသည်မှာ ဆယ်နှစ် ရှိပြီဖြစ်ပြီး အာဆီယံဒေသတွင်း မူးယစ်ကင်းစင်ရေး ရည်မှန်းချက်ကို စိန်ခေါ်နေသည်ဟု ဆိုသည်။ အစိုးရအာဏာသက်ရောက်မှုနည်းပါးသည့် နယ်စပ်ဒေသများမှ မြစ်ဖျားခံသည်ဟု ယူဆထားကြသော စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးမျိုးစုံသည် နိုင်ငံတလွှား ပျံ့နှံ့နေသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ အစိုးရသစ်စတင်သည့် ဧပြီ ၁ မှ ဇူလိုင် ၃၁ အတွင်း မူးယစ်ဆေးနှင့် ဆက်နွယ်နေသူ ၄,၇၆၁ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ စိတ်ကြွဆေးပြား ၃ဝ.၃ သန်း၊ ဘိန်းဖြူ ကီလို ၆ဝ ကျော်၊ ဘိန်းမည်း ကီလို ၂ဝဝ ကျော် ဖမ်းဆီးရရှိခဲ့သည်။

ကိုစိုးမောင်သည် နိုင်ငံအနှံ့မက်သဒုန်းဆေးပေးဝေသည့်ဆေးရုံ ၄၆ ခုထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် မူးယစ်ဆေးဖြတ်ရန် ကြိုးစားနေသူများထဲမှ မက်သဒုန်းဆေး ပိုမိုရယူလိုသူတို့ကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၊ စိတ်နှင့်မူးယစ်ဌာနသို့ ပို့ဆောင်ပေးရန် တာဝန်ရှိသူဖြစ်သည်။

အစိုးရသစ်၏ ရက် ၁ဝဝ စီမံကိန်း ကာလ မူးယစ်ဆေးနှိမ်နှင်းမှုတွင် လက်ကားသမားများ၊ မူးယစ်ရာဇာများ လွတ်မြောက်နေပြီး လက်လီ ရောင်းချသူများ၊ မူးယစ်ဆေးဖြတ်ရန် ကြိုးပမ်းနေသူများသာ ဖမ်းဆီးခံနေရသည်ဟု သူက ဝေဖန်လိုက်သည်။

“ရက် ၁ဝဝ စီမံချက်ထဲမှာ မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားနေတဲ့၊ မက်သဒုန်းဆေး သောက်နေတဲ့ လူငယ် တော်တော်များများ အဖမ်းခံနေရပါတယ်” ဟု သူက မခံချိမခံသာ ဖြစ်နေသည့်လေသံဖြင့် ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးဥက္ကာမင်းသည် နိုင်ငံ၏မူးယစ်ဆေးဝါး ပြဿနာတွင် အကျင့်ပျက်ခြစားမှုများနှင့် လွဲမှားသည့် မူဝါဒများ ရှိနေသည်ဟု ယုံကြည်သူ ဖြစ်သည်။

“လက်ရှိသုံးစွဲနေသူတွေကိုပဲ လိုက်ဖမ်းနေမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးမှာရှိသမျှ အကျဉ်းထောင်တွေတောင် ဆံ့မှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

မူးယစ်ဆေးသည် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ကြားတွင်ပင် ပျံ့နှံ့လျက်ရှိပြီး စာသင်ကျောင်းများတွင် မူးယစ်ဆေးနှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်ဟု သူက Myanmar Now ကို ပြောသည်။

ဥပဒေပြင်ဆင်၊ ဆေးရုံတိုးချဲ့

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ၁၉၉၉ ခုနှစ်မှ စတင်ပြီး ၅ နှစ် စီမံကိန်းများဖြင့် အကောင်အထည် ဖော်လျက်ရှိသည်။ ယခင်စီမံကိန်းများတွင် လူနာ တစ်သောင်းကျော်သာ ရှိပြီး စတုတ္ထ ၅ နှစ် စီမံကိန်းတွင် တစ်သောင်းသုံးထောင်ကျော်အထိ ရှိလာသည်။မူးယစ်စွဲဝေဒနာကုသမှုခံယူသူ အရေအတွက် တိုးမြင့်လာသော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ မက်သဒုန်းတိုက်ကျွေးရေးစင်တာ ၄၆ ခု၊ မူးယစ်ဆေးဖြတ်ဆေးရုံ ၇၃ ရုံ ရှိသည်။

မူးယစ်ဆေးဖြတ်ဆေးရုံ ၇၃ရုံတွင် တစ်ခု အပါအဝင်ဖြစ်သည့် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံတွင် အကျယ်အဝန်း ကန့်သတ်ချက်အရ လူနာ ၅ဝ သာ လက်ခံနိုင်သည်။ ထိုဆေးရုံမှ ပါမောက္ခ ဒေါက်တာဦးလှဌေးက ထိုနေရာတွင် ဆေးဖြတ်လူနာတို့အတွက် ပိုမိုကျယ်ဝန်းသည့် မူးယစ်ဆေးဖြတ်ဆေးရုံတစ်ခု လိုအပ်သည်ဟု ပြောသည်။

ပိုမိုထိ ရောက်သည့် ကုသမှုပေးနိုင်သည့် ပြန်လည်ထူထောင်ရေးစခန်း၊ ဆေးရုံ၊ ဆေးခန်းများစွာ လိုအပ်လျက် ရှိသော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ ငွေကြေးလိုအပ်မှုတို့မှာ ပြဿနာဖြစ်နေသည်ဟု ဒေါက်တာဦးလှဌေးက သူ၏ရုံးခန်းတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ပြောပြသည်။ ရန်ကုန် သင်္ဃန်းကျွန်းဆေးရုံကြီးတွင် နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်းသာ မက်သဒုန်း ပေးဝေနိုင်သည့် အတွက် ရုံးဝန်ထမ်းများ၊ ဆေးရုံနှင့်ဝေးလံ သည့်နေရာများတွင် နေထိုင်သူတို့ ဆေးရရှိရေး ခက်ခဲနေသည်ဟု ရန်ကုန်မှ မူးယစ်ဆေးစွဲသူများကို နှစ်သိမ့် ဆွေးနွေးရေး ဆောင်ရွက်ပေးနေသူ ဦးဝင်းမင်းက ပြောသည်။

“ ရန်ကုန်မြို့တွင်းကျတဲ့ အနောက်ပိုင်းဆေးရုံကြီးမှာ မက်သဒုန်းပေးဝေရေး ဌာနတစ်ခုဖွင့်ဖို့ တင်ပြထားပေးမယ့် ခုထိတော့ မထူးခြားသေးပါဘူး” ဟု သူက ရှင်းပြသည်။ ၁၉၉၃ မူးယစ်ဥပဒေကိုပြင်ဆင်ရန် စိတ်အား ထက်သန်သူများထဲတွင် ရဲမှူးကြီး မြင့်အောင်လည်း ပါဝင်သည်။ မူးယစ်ဥပဒေပြင်ဆင်ရန် ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် ကာကွယ်ရေး ဗဟိုအဖွဲ့မှ ရဲမှူးကြီး မြင့်အောင်က ပြောသည်။

“ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးကိုပို့ဖို့ ရှိတယ်။ ပြီးရင်တော့ လွှတ်တော်အသီးသီးမှာ ဆွေးနွေးသွားမယ်။ နောက်ဆုံးအဆင့်ကတော့ ပြည်သူလူထုကို ချပြသွားမှာပါ” ဟု သူက ပြောသည်။

“မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ပတ်သက်ရင်တော့ လက်ရှိဥပဒေအရ ဆိုရင်တော့ ပြစ်မှုဖြစ်တယ်။ နောက်ပြင်မယ့်ဟာမယ် ဆိုရင်တော့ ပြစ်မှုကြောင်းအရ အရေးယူတာမျိုးမဟုတ်တော့ဘဲ ကျန်းမာရေးရှုထောင့်အရ ဆေးဝါးကုသတာတွေ၊ ပြန်လည်ထူထောင်တာတွေနဲ့ ပိုပြီးထိရောက်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်”

မြန်မာနိုင်ငံ၏ အကြီးဆုံး မူးယစ်ဆေးဖြတ်ဆေးရုံဖြစ်သည့် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံအတွင်း သော့ခတ်ထားသည့် သံတံခါးတစ်ခုကို ကျော်ပြီး ကြည့်လိုက်လျှင် စိတ်နှင့်မူးယစ်ဌာနအတွင်း ဆေးဖြတ်နေသူများ ဥပဒဟိုသွားလာနေသည်ကို တွေ့မြင်နေရသည်။ အုပ်စုဖွဲ့ စကားပြောဆိုနေကြသူများရှိသလို တစ်ဦးတည်း ထိုင်ငေးနေကြသူများလည်း ရှိသည်။ ဆေးရုံ၏ အလယ်ဗဟိုတွင်ရှိသည့် ဘက်စကက်ဘောကစားကွင်းမှာ ဆော့ကစားသူ မရှိ၊ တိတ်ဆိတ်နေပြီး အလေးမရုံမှာလည်း ထိုနည်းလည်းကောင်းပင်။

ဝင်ပေါက်ရှိ ရုံးခန်းအတွင်းတွင် ဒေါက်တာဦးလှဌေးက ခေတ်မမီတော့သည့် မူးယစ်ဥပဒေကို ပြင်ဆင်ပြီးလျှင် ပိုမိုကောင်းမွန်မည့် ဆေးရုံသစ်၊ ပိုမိုကောင်းမွန်လာနိုင်သည့် မူးယစ်ဆေးစွဲသူများ၏ အနာဂတ်အကြောင်းတို့ကို ပြောပြသည်။

“ ဥပဒေကြမ်း အတည်ဖြစ်သွားရင်တော့ မူးယစ်ဆေးစွဲသူတွေကို ရဲကတွေ့ရင် ဆေးဖြတ်ဖို့ တိုက်တွန်းရမယ်။ အရင်လို ဖမ်းပြီးထောင်ချတာမျိုး လုပ်လို့မရတော့ဘူး” ဟု ဒေါက်တာဦးလှဌေးက ပြောလိုက်သည်။ ။

ဖြိုးသီဟချို / Myanmar Now

============

Popular News Journal

ဘိန်းဖြူထက် အဆ(၇၀၀) အန္တရာယ်ရှိတဲ့ ဆေးတစ်မျိုး အမေရိကန်တားမြစ်ဖို့ ကြိုးပမ်း

ဘိန်းဖြူထက် အဆ(၇၀၀) အန္တရာယ်ရှိတဲ့ ဆေးတစ်မျိုး အမေရိကန်တားမြစ်ဖို့ ကြိုးပမ်း

===================
===================

အမေရိကန်နိုင်ငံရဲ့ အွန်လိုင်းစတိုးတွေမှာ အလွယ်တကူ ရှာဖွေလို့ရနိုင်တဲ့ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတဲ့ မူးယစ်ဆေး
တောင့်ကို ဒေသခံအာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေပါတယ်။ တရားဝင် ရောင်းချခွင့်ပေးမထားတဲ့ အဲဒီမူးယစ်ဆေးဟာ သုံးစွဲသူတွေကို ချက်ချင်းသေဆုံးစေနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ အဲဒီဆေးကို သုံးစွဲခဲ့တဲ့လူတွေအနက် 50 ကျော် သေဆုံးခဲ့ပြီးပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီဆေးကို တရုတ်နိုင်ငံမှာ တရားဝင်ရောင်းချခွင့်ပေးထားပြီး Pink သို့မဟုတ် Pinky လို့ လူသိများတဲ့ ဆေးတောင့်ဖြစ်ပါ
တယ်။ အဲဒီဆေးဟာ ယခုအခါမှာတော့ အမေရိကန် အွန်လိုင်းစတိုးတွေမှာ ပေါပေါလောလော ရရှိနေပါတယ်။

ဒေသအာဏာပိုင်တွေအနေနဲ့ လက်ရှိအချိန်ထိတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေသေချာချာ သုတေသနမပြုလုပ်နိုင်သေးပေမယ့် အန္တရာယ်အလွန်ရှိတဲ့ ဆေးဝါးအဖြစ် တားမြစ်ကာ လက်လှမ်းမီသလောက် လိုက်လံ ပိတ်သိမ်းနေပါတယ်။ ၎င်းဆေးတောင့်ကို U-47700 လို့လည်း ခေါ်ပြီး သုံးစွဲပြီး မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်တာကတော့ သေချာ
ကြောင်း သိရပါတယ်။

Pink ဆေးတောင့်ရဲ့ ဆိုးကျိုးများ

Pink ဆေးတောင့်ဟာ Heroin နဲ့ Fentanyl မူးယစ်ဆေး အမျိုးအစားထဲမှာ ပါပေမယ့် ဓာတုနည်းနဲ့ အဆင့်မြင့်တင်ထားတာမို့ ပိုပြီး အန္တရာယ်ရှိပါတယ်။ သုံးစွဲသူအနေနဲ့ ဦးနှောက်ထဲမှာ သွေးလည်ပတ်မှုကို အလျှင်အမြန်ကန့်သတ်လိုက်ပြီး၊ သာယာငြိမ့်ငြောင်းတဲ့ နစ်မြောမှုကို ပေးပါတယ်။ ဒီဆေးကို Upjohn အမည်ရ ကုမ္မဏီက 1970 ခုနှစ်မှာ စတင်တီထွင်ခဲ့
ပြီး Morphine ကို ဓာတုဗေဒနည်းနဲ့ အဆင့်မြင့်တင် အသွင်ပြောင်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ထိုစဉ်ကတည်းက ဆေးဘက်ဆိုင်ရာ အသိုင်းဝိုင်းက ကန့်ကွက်ခဲ့လို့ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပေမယ့် မူးယစ်ရာဇာတွေဆီကို ဖော်မြူလာတွေ ပေါက်ကြားခဲ့ရပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာ အမြောက်အများ ထုတ်လုပ်နေ
ပြီး တရားဝင်ရောင်းချခွင့်ပေးထားတယ်လို့ Mirror က ဆိုပါတယ်။

ဒီဆေးကို အသုံးပြုလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း အိပ်မောကျကာ လုံးဝ မနိုးထနိုင်တဲ့ အိပ်ခြင်းနဲ့ မရဏပြည်ကို သွားရမှာ
ဖြစ်ပါတယ်။ အခုနောက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းအရ Pink ဆေးဟာ အရည်အဖြစ်လည်းကောင်း၊ ထိုးဆေးအဖြစ်
လည်းကောင်း၊ အတောင့်ပုံစံ၊ အခဲပုံစံ အမျိုးမျိုး ပျံ့နှံ့နေပြီး ဥရောပဈေးကွက်မှာ အကြီးအကျယ် နေရာယူဖို့ ပြင်ဆင်နေပါတယ်။

လင်းဇော်ကို (Shwemom)

============

Search Myanmar