Amphetamines စိတ်ကြွဆေး
ယာဘလို့လူသိများတဲ့ Amphetamines (မင်မ်ဖက်တမင်း) ကို စဖေါ်စပ်ခဲ့တာက ၁၈၈၇ ကတည်းကဖြစ်တယ်။ လူကနေ အလိုလိုထုတ်ပေးနေတဲ့ Adrenaline နဲ့ Noradrenaline တွေနဲ့တူတယ်။ ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်စေတယ်။
ပီတိစိတ်တွေသာ ထင်မြင်နေစေတဲ့ အစွမ်းကြောင့် ပေါ်ပြူလာဖြစ်လာတယ်။ ဆေးသုံးထားသူဟာ စိတ်တက်ကြွနေမယ်၊ တခုခုကို အာရုံစိုက်နေပြီး၊ သူများတွေကို ဂရုမထားတော့ဘူး။ မအိပ်ဘဲ အကြာကြီး နေနိုင်တယ်။ မမောလွယ်ဘူး၊ အားကစားလုပ်ရင် ပိုလုပ်နိုင်တယ်။ ခံနိုင်ရည်ပိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်များစေမယ်ဆိုတဲ့ အစွမ်းတွေ ရစေတယ်။
Methamphetamine (မက်သမ်ဖက်တမင်း)၊ Ephedrine (အဖက်ဒရင်း) Cathinone (ကက်သီနုန်း)၊ MDMA (Ecstasy) (အက်တက်စီ) DOM (STP) ဆိုပြီး ဆင်တူတွေရှိတယ်။ Uppers, Bennies, Beans, Speed, and Crank ဆိုတဲ့ အရပ်သုံး နာမည်တွေ ရှိတယ်။ ဆေးလုံး၊ ဆေးမှုံ့ ဆေးခဲဆိုပြီး အမျိုးမျိုးလာတယ်။ သောက်ဆေး၊ ထိုးဆေး၊ ရှူဆေးနဲ့ ဆေးလိပ် သောက်နည်းတွေနဲ့ သုံးကြတယ်။ တခါသုံးရင် ၄-၆-၁၂-၂၄ နာရီခံတယ်။
- Amphetamines နဲ့ Cocaine or Ecstasy ရောတာ အန္တရာယ်များတယ်။ သတ္တိတွေက တူတယ်။
- Amphetamines နဲ့ (MAOIs) စိတ်မကျဆေးတွေရောရင် ဆေးစွမ်းက ၆ ဆ တက်စေမယ်။
- Amphetamines ဆေးသုံးစွဲထားသူကို နောက်ထပ် ၁-၂ ရက်အထိ စစ်ရင်သိတယ်။
ချက်ချင်းဖြစ်တဲ့ ဆေးအဆိပ် လက္ခဏာတွေကတော့ Psychosis စိတ်မူမမှန်တာ၊ Hallucination သူများမမြင်တာတွေ မြင်နေ၊ သူများမထိတွေ့တာကို ထိတွေ့နေတယ်လို့ထင်တာ၊ Anxiety စိုးရိမ်စိတ်များတာတွေ ဖြစ်မယ်။ ဆေးကြောင့် Hyperthermia အပူချိန်လွန်ကဲတာ၊ Heart arrhythmia နှလုံးခုန်မမှန်တာ နဲ့ Stroke (စထုပ်ခ်) တွေကနေ သေဆုံးနိုင်တယ်။
ရေရှည်မှာ ဘာတွေဆက်ဖြစ်လာသလဲ။ နှလုံးအပေါ် ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်။ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ပိုပြီးရလမ်းများစေတယ်။ အရင်ခံစားတာမျိုးရချင်ရင် ဆေးအဆ ပိုလိုချင်လာမယ်။ ဆေးစွဲတယ်ဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းစွဲတာဆိုပြီးရှိတယ်။ ဒီဆေးက ၂ မျိုးလုံးဖြစ်စေနိုင်တယ်။ ဆေးစွဲနေသူဆိုရင် စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။ ဆေးများသွားရင် နှလုံးခုန်မြန်မယ်။ ဂနာမငြိမ် ဖြစ်မယ်၊ တုံတုံရီရီဖြစ်မယ်။ သူများကို မယုံတာများမယ်၊ ကြောက်တာ၊ ကျိုးကြောင်း မဆီလျှော်တာ၊ စိတ်ရှုတ်ထွေးတာ၊ တလွဲထင်မြင်တာ၊ တက်တာတွေလဲ ဖြစ်နိုင်သေးတယ်။
Methamphetamine (မက်သဖန်တမင်း) ရဲ့ထူးခြားချက်က အာရုံကြောကို ထိခိုက်စေတယ်။ MDMA ကတော့ ဦးနှောက်ထဲမှာ Glutathione နဲ့ Vitamin E တွေကိုနည်းစေတယ်။ ရေရှည်သုံးရင် Dependence ဆေးစွဲတယ်။ DOM ကတော့ ဆေးမစွဲစေဘူး။ Amphetamine (အင်မ်ဖတမင်း) ဆေးစွဲသူကိုကုရတာက Cocaine (ကိုကိန်း) ဆေးစွဲတဲ့သူတွေကို ကုရသလိုအတူဘဲ။ ဆေးစွဲနေသူတွေဟာ စိတ်ဓါတ်ကျမယ်၊ ပျင်းခြောက်နေမယ်၊ ဆေးကြောင့် ကောင်းတယ်လို့ ခံစားခဲ့ဘူးတာတွေကို တသတဖြစ်နေမယ်။
နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ မျက်စိ-ရေတိမ်ရောဂါ ရှိနေသူတွေသုံးရင် သူများထက်ဆိုးတယ်။ Asocarboxazid, Tranylcypromine, Phenelzine ဆေးသောက်နေသူတွေနဲ့ အရက်သမားတွေက လုံးဝမသုံးသင့်ကြဘူး။
၂။ အကြောင်းအရာက ယာမပါ။ ကျနော့် သူငယ်ချင်းတွေ ဆေးသုံးပြီး စာတွေကျက်တယ်။ သူတို့ကိုယ်သူတို့ကတော့ စာတွေ ညသန်းခေါင်ကျော်ကျော်ထိ လုပ်နိုင်တယ်လို့ ပြောတယ်။ အဲဒါမှန်သလား။ အောင်သွားတဲ့ သူတွေတော့ ရှိပါတယ်။ မအောင်တဲ့သူတွေလည်းရှိပါတယ်။ ကျနော်သိချင်တာက အဲဒီဆေးအကြောင်းပါ။ သူက ညတစ်ညလုံးတော့ မအိပ်ဘူး။ ဥပမာ ညနေ ၂ နာရီလောက်မှာ ဆေးသုံးထားတယ်ဆိုရင် အဲဒီည မအိပ်ဘဲနေတယ်။ အာရုံကလည်းတစ်ခုပဲလို့ ပြောတယ်။ တကယ်ဟုတ်သလား။ နောက်နေ့ ၂ နာရီလောက်မှာ တအားအိပ်ချင်တယ်တဲ့။ အိပ်လည်းအိပ်တယ်။ ပြီးရင် မသုံးရရင်လည်း ဘာမှမဖြစ်ဘူးတဲ့။ အရင်လိုပဲတဲ့။ မစွဲဘူးတဲ့။ သုံးလိုက်ရင် ပေါ့သွားတယ်တဲ့။ တကယ်မစွဲဘူးလား။ ဒီဆေးကိုသုံးလို့ ဦးနှောက်ရဲ့ ဘယ်အပိုင်းတွေကို ထိခိုက်သွားလဲ။
၃။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပညာပေးဆောင်းပါး မရှိသလောက်နည်းပါးသည့် YaBa ဆေးပြားခေါ် စိတ်ကြွ ရူးသွပ်ဆေးပြားများ၏ ဆိုးကျိုးကောင်းကျိုးများကို ရေးသားဖော်ပြပေးရန်တောင်းဆိုအပ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ငွေဝင်ဖြောင့်သူတိုင်း အသုံးပြုနေကြပါသည်။ ကျွန်တော်အပါအဝင် သူငယ်များစွာလည်း ရံဖန်ရံခါ သုံးစွဲကြပါသည်။ ထိုဆေးပြား၏ ဆိုးကျိုး ကောင်းကျိုးကို မြန်မာစာဖြင့်ရေးသားထားသည်ကို အွန်လိုင်းတစ်ပုဒ်သာ ရှိပါသည်။ YaBa & methamphetamine တို့၏ ဆိုကျိုးနှင့်ကောင်ကျိုး အကြောင်းကို တိကျစွာခွဲခြားနားလည်းလိုပါသည်။ ကောင်းကျိုးဟုထည့်ပြီးမေးရခြင်းမှာ ကျွန်တော်အပါအဝင် သူငယ်ချင်းများဟာ ခဏခဏငြင်းခုံကြပြီး ဖြတ်မယ်နားမယ် မဖြတ်ဘူးမနားဘူး အလုပ်တွေအများကြီးလုပ်ရအုံးမယ် စသဖြင့်အကြောင်းပြပြီး ဆက်လုပ်မယ့်သူရော အကြောင်းမပြပဲ ကြုံတဲ့အခါလုပ်မယ်ဆိုသူဆို ဒီလိုနဲ့ပဲ နေ့မခြားလောက်အောင်ကို ကြိုက်နှစ်သက်နေကြပါသည်။ ကျွန်တော်ကိုယ်တိုင်ပင် မလုပ်တော့ဘူးဟုဆုံးဖြတ်ထားသော်လည်း သူငယ်ချင်းများနှင့်ဆုံလျှင် လုပ်ချင်စိတ်ထိမ်းမရသည်များ ခဏခဏ ကြုံလာသည့်အတွက် ဆရာ၏ရှင်းလင်းရေးသားမှုကို စောင့်မျှော်နေပါမည်ခင်ဗျား။

စိတ်ကြွဆေးဆိုတာတွေဟာ ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်စေတဲ့ အမျိုးမျိုးသောဆေးတွေ ဖြစ်တယ်။ ယာဘ လို့လူသိများတဲ့ Amphetamines (မင်မ်ဖက်တမင်း) ကို စဖေါ်စပ်ခဲ့တာက ၁၈၈၇ ကတည်းကဖြစ်တယ်။ လူကနေ အလိုလို ထုတ်ပေးနေတဲ့ Adrenaline နဲ့ Noradrenaline တွေနဲ့တူတယ်။ (ရှော့ခ်) ရတာ၊ ပန်းနာထတာတွေအတွက် အလွန်အသုံးဝင်တဲ့ အသက်ကယ်ဆေးတွေ ဖြစ်တယ်။ ရင်ကျပ်လို့ပေးတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှာ ထည့်ထားတတ်တယ်။
ပီတိစိတ်တွေသာ ထင်မြင်နေစေတဲ့ အစွမ်းကြောင့် ပေါ်ပြူလာဖြစ်လာတယ်။ ဆေးသုံးထားသူဟာ စိတ်တက်ကြွနေမယ်၊ တခုခုကို အာရုံစိုက်နေပြီး၊ သူများတွေကို ဂရုမထားတော့ဘူး။ မအိပ်ဘဲ အကြာကြီး နေနိုင်တယ်။ မမောလွယ်ဘူး၊ အားကစားလုပ်ရင် ပိုလုပ်နိုင်တယ်။ ခံနိုင်ရည်ပိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်များစေမယ် ဆိုတဲ့ အစွမ်းတွေ ရစေတယ်။

Methamphetamine (မက်သဖန်တမင်း)၊ ( ICE )
Ephedrine (အဖက်ဒရင်း)

Cathinone (က်သီနုန်း)၊

MDMA (Ecstasy) (အက်ကတက်စီ)
DOM (STP) ဆိုပြီး ဆင်တူတွေ ရှိတယ်။
သူများဆီမှာ Uppers, Bennies, Beans, Speed, and Crank ဆိုတဲ့ အရပ်သုံးနာမည်တွေရှိတယ်။ ဆေးလုံး၊ ဆေးမှုံ့ ဆေးခဲဆိုပြီး အမျိုးမျိုးလာတယ်။ သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး နဲ့ ဆေးလိပ်သောက်နည်းတွေနဲ့ သုံးကြတယ်။ တခါသုံးရင် ၄-၆-၁၂-၂၄ နာရီခံတယ်။ရေရှည်မှာ ဘာတွေဆက်ဖြစ်လာသလဲ။ အရင်ခံစားတာမျိုး ရချင်ရင် ဆေးအဆ ပိုလိုချင်လာမယ်။ နှလုံးအပေါ် ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်၊ ဒါ့ကြောင့် Heart disease, Heart attack, Stroke နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေ ပိုပြီး ရလမ်းများစေတယ်။ ဆေးစွဲတယ်ဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းစွဲတာဆိုပြီး ရှိတယ်။ ဒီဆေးက ၂ မျိုးလုံးဖြစ်စေနိုင်တယ်။ ဆေးစွဲနေသူဆိုရင် စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။ ဆေးများသွားရင် နှလုံးခုန်မြန်မယ်။ ဂနာမငြိမ်ဖြစ်မယ်၊ တုံတုံရီရီဖြစ်မယ်။ သူများကို မယုံတာများမယ်၊ ကြောက်တာ၊ ကျိုးကြောင်း မဆီလျှော်တာ၊ စိတ်ရှုတ်ထွေးတာ၊ တလွဲထင်မြင်တာ၊ တက်တာတွေလဲ ဖြစ်နိုင်သေးတယ်။
- Amphetamines နဲ့ Cocaine or Ecstasy ရောတာ အန္တရာယ်ပိုများတယ်။
သတ္တိတွေက တူတယ်။
- Amphetamines နဲ့ (MAOIs) စိတ်မကျဆေးတွေရောရင် ဆေးစွမ်းက ၆ ဆ တက်စေမယ်။
- Amphetamines ဆေးသုံးစွဲထားသူကို နောက်ထပ် ၁-၂ ရက်အထိ စစ်ရင်သိတယ်။
ချက်ချင်းဖြစ်တဲ့ ဆေးအဆိပ် လက္ခဏာတွေကတော့ စိတ်မူမမှန်တာ၊ သူများမမြင်တာတွေ မြင်နေ၊ သူများမထိတွေ့တာကို ထိတွေ့နေတယ်လို့ထင်တာ၊ စိုးရိမ်စိတ်များတာတွေ ဖြစ်မယ်။ ဆေးကြောင့် အပူချိန်လွန်ကဲတာ၊ နှလုံးခုန်မမှန်တာ နဲ့ (စထုပ်ခ်) တွေကနေ သေဆုံးနိုင်တယ်။
မူးယစ်ဆေးတွေထဲက Methamphetamine (မက်သဖန်တမင်း) ရဲ့ထူးခြားချက်က အာရုံကြောကို ထိခိုက်စေတယ်။ MDMA ကတော့ ဦးနှောက်ထဲမှာ Glutathione နဲ့ Vitamin E တွေကိုနည်းစေတယ်။ ရေရှည်သုံးရင် Dependence ဆေးစွဲတယ်။ DOM ကတော့ ဆေးမစွဲစေဘူး။ Amphetamine (အင်မ်ဖတမင်း) ဆေးစွဲသူကိုကုရတာက Cocaine (ကိုကိန်း) ဆေးစွဲတဲ့သူတွေကို ကုရသလို အတူဘဲ။ ဆေးစွဲနေသူတွေဟာ စိတ်ဓါတ်ကျမယ်၊ ပျင်းခြောက်နေမယ်၊ ဆေးကြောင့် ကောင်းတယ်လို့ ခံစားခဲ့ဘူးတာတွေကို တသတသ ဖြစ်နေမယ်။
နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ မျက်စိ-ရေတိမ်ရောဂါ ရှိနေသူတွေ သုံးရင် သူများထက် ဆိုးတယ်။ Asocarboxazid, Tranylcypromine, Phenelzine ဆေးသောက်နေသူတွေနဲ့ အရက်သမားတွေက လုံးဝမသုံးသင့်ကြဘူး။
ဒုတိယကမ္ဘာစစ်တုံးက ဂျာမန်တင့်ကားမောင်း စစ်သားတွေကို မအိပ်ချင်အောင် ပေးတယ်။ စိတ်ဓါတ် ကျနေသူတွေကိုလဲ ပေးတယ်။ ၁၉၉ဝ ကျော်မှာ လူငယ်တွေအကြား MDMA (Ecstasy) ခေတ်စားလာတယ်။ Amphetamine ကို Narcolepsy ရောဂါ နဲ့ ADHD ရောဂါတွေမှာ ကုသဆေးအဖြစ် သုံးတယ်။ Energy drinks အားဆေးလို သောက်ကြတဲ့ ဖျော်ရည်တွေထဲမှာ Amphetamines အနည်းနဲ့အများပါနေတယ်။ Amphetamines ဟာ တရားမဝင်ဆေးဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ UNODC ရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၁၅-၅ဝ သန်း ဆေးသုံးနေကြတယ်။
ဒေါက်တာတင့်ဆွေ
ရာမ ဇာတ်လမ်းတခု
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲသတင်းတွေကို ဘက်အမျိုးမျိုးက မတူတာတွေတင်နေကြတယ်။ စစ်သားတွေကို မြင်းဆေး တိုက်သလားဆိုတာ။ နောက်ပြီး ဆရာဝန်အဖို့မှာ MDMA နဲ့ MNDAA ကရောနေတယ်။ MNDAA ဆိုတာ Myanmar National Democratic Alliance Army ကိုးကန့်တပ်ဖွဲ့။ MDMA ဆိုတာ 3,4-methylenedioxy-methamphetamine စိတ်ကြွဆေးဖြစ်တယ်။၁၉၉ဝ ကျော်မှာ လူငယ်တွေအကြား MDMA ခေတ်စားလာတယ်။ Ecstasy လို့လည်းခေါ်တယ်။ Narcolepsy ရောဂါ နဲ့ ADHD ရောဂါတွေမှာ ကုသဆေးအဖြစ်သုံးတယ်။ အားဆေးလိုဖျော်ရည်တွေထဲမှာ အနည်းနဲ့အများပါနေတယ်။ Amphetamines (အမ်ဖက်တမင်း) ဟာ တရားမဝင်ဆေးဖြစ်ပေပေမဲ့ ၂ဝဝ၇ UNODC ရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၁၅-၅ဝ သန်း သုံးနေကြတယ်။
ဇာတ်လမ်းရှိပါတယ်။ နာမည်ကြော်အဆိုတော် Elvis Presley ပရက်စလေဟာ စစ်မှုထမ်းဥပဒေအရ ဥရောပသွားရတယ်။ သူ့ကိုရဲဘော်တွေက Amphetamines နဲ့တခြားစိတ်ကြွဆေးတွေနဲ့ မိတ်ဆက်ပေးတယ်။ စိတ်တက်ကြွနေအောင်၊ ကင်းလှည့်တာဝန်မှာ ပြင်းမနေရအောင်လို့ပြောကြတယ်။ အဆိုတော်ဟာ စစ်ထဲကပြန်ရတော့ ဆေးသမားဖြစ်လာပြီ။ သူသေတော့ ဆေးအလွန်အကြွံဖြစ်လို့ သေဆုံးတယ်လို့ မှတ်ချက်ပေးခံရပါတယ်။
၁၉၉၉ ကတည်းက လူပေါင်း ၁၇ဝဝဝ ကို အမေရိကန်စစ်တပ်ကနေထွက်ခိုင်းခဲ့ရတာဟာ အဲလိုဆေးကြောင့်ဖြစ်တယ်။ ရေတပ်ကပိုများတယ်။ ဆေးစစ်လို့ကျသူပေါင်း လေတပ်မှာ ၈၂% နဲ့ ကြည်းတပ်မှာ ၂၇% တိုးလာတယ်။
ဘယ်လိုဆေးတွေကို သုံးကြသလည်း။
• Marijuana ဆေးခြောက်။ ရှာရတာလွယ်တယ်။ စိတ်ဖိအား ကိုယ်ဖိအားနည်းစေတယ်။
• Cocaine and other stimulants ကိုကိန်းနဲ့ တခြားစိတ်ကြွဆေးတွေ။ တာဝန်မှာတာရှည်ထမ်းဆောင်နေရသူတွေက Amphetamines နဲ့ Cocaine ကိုကိန်း သုံးကြတယ်။ ဆေးသုံးပြီးဖြစ်တာကို Crash ခေါ်တယ်။ သွားပြီ။ အရေးပေါ်ခေါ်ရင် မလုပ်နိုင်တော့ဘူး။
• Opiates ဘိန်းတွေ။ Vicodin နဲ့ OxyContin ဆေးတွေဖြစ်တယ်။ Euphoric effects အရာရာ သာယာနေတယ်လို့ အထင်ရောက်စေတယ်။
ဘာလို့သုံးကြသလည်း
• Stress စိတ်ဖိအားများခြင်း၊
• Access ရှာလို့ဝယ်လို့ရခြင်း၊
• Inactivity ဘာမှတခြားလပ်ြစရာမရှိနေရခြင်း၊
• Alertness သတိရှိနေခြင်း၊
ဘာအန္တရယ်တွေရှိသလည်း
• Risking one’s own personal safety ကိုယ့်အသက်အန္တရယ်ကိုမကာကွယ်နိုင်ခြင်း၊
• Putting their comrades in jeopardy ရဲဘော်ရဲဖက်တွေကို ဒုက္ခပေးခြင်း၊
• Creating the wrong kind of environment မှားယွင်းတဲ့ပတ်ဝန်းကျင်ဖြစ်စေခြင်း၊
ဒုတိယ-ကမ္ဘာစစ်တုံးက ဂျာမန် တင့်ကားမောင်း စစ်သားတွေကို မအိပ်ချင်အောင်ပေးတယ်။ စိတ်ဓါတ်ကျနေသူတွေကိုလဲ ပေးတယ်။
၂၁-၂-၂ဝ၁၅
ဒေါက်တာတင့်ဆွေ
source : 1. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html
2. Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
3. Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html






No comments:
Post a Comment